Sunday, October 21, 2012

နယူးယောက်ရောက် မြန်မာတိုင်းရင်းသားများ OICရုံးရှေ့တွင် ဆန္ဒပြ


http://arakantimes.net/burmese/images/Protest_NewYork_OIC.jpg

အောက်တိုဘာလ (၂၀)ရက်နေ့က နယူးယောက်မြို့ရှိ ရခိုင်တိုင်းရင်းသား များနှင့် မြန်မာတိုင်းရင်းသားများ၊ အဖွဲ့ အစည်းများမှ တာဝန်ရှိသူများက နယူးယောက်မြို့ရှိ OIC ရုံးရှ့တွင် ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ပြုလုပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲတွင် ရခိုင်အမျိုးသားအသင်း၊ NCUB ၊ IFBNC ၊ Burma Today မှ တာဝန်ရှိပုဂ္ဂိုလ်များ ရောက်ရှိလာပြီး နယူးယောက်ရောက် မြန်မာတိုင်းရင်းသား(၅၀)ခန့် ပူးပေါင်းပါဝင်ကာ အမေရိကန်စံတော်ချိန် နေ့လည် (၁)နာရီတွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

http://arakantimes.net/burmese/images/Protest_NewYork_OIC.jpg

ရခိုင်အမျိုးသားအသင်း သဘာပတိ ဦးခိုင်အောင်ကျော်က ဆန္ဒဖော်ထုတ်ရန် ရောက်ရှိလာကြသော ပုဂ္ဂိုလ်များအား အဖွင့်အမှာစကားပြောရာတွင် သမ္မတဦးသိန်းစိန်မှ တိုင်းရင်းသားလူမျိုး မဟုတ်ဟု ပြောဆိုထားသော သူတို့နှင့်ပတ်သက်၍ OIC မှ စာချုပ်ချုပ်ဆိုကာ ရုံးခန်းဖွင့်လှစ်စေရန် လက်မှတ်ထိုး သဘောတူညီချက် ပြုလုပ်ခဲ့သည်မှာ မှားယွင်းကြောင်း၊ ယခုလည်းနိုင်ငံတော်သမ္မတရုံးမှ OIC ရုံးခန်းကို မဖွင့်တော့ရန် ကြေငြာထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက သူ့မှာ တာဝန်ရှိသည့်အလျှောက် OIC ရုံးကို မဖွင့်တော့ဟုဆိုကာ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်ဟု အကြောင်းကြားရန်လိုကြောင်း၊ မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဆိုခြင်းမှာ မည်သည့်နည်းနှင့်မျှ လက်ခံနိုင်စရာ မရှိကြောင်း၊ ပြတ်သားရမည့်နေရာမှာ ပြတ်သားရမည်ဖြစ်ကြောင်း၊ သမ္မတကြီးမှ သူတို့လူမျိုးအား တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် မပြုထားပါလျှက် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက လက်မှတ်ထိုး စာချုပ်ချုပ်ဆိုခြင်းမှာ -Capacity -မရှိကြောင်း၊ သက်သေပြခြင်းသာဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် OIC အဖွဲ့မှ ပေးကမ်းမည့် အစီအစဉ်များတွင် ၄င်းလူမျိုးများအား တရားဝင်နိုင်ငံသားဖြစ်အောင် ပြုလုပ်ဆောင်ရွက်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများတွင် စာတမ်းများရေးထိုးပြီး ပေးလှူထားခြင်းများကို တွေ့နေရပြီဖြစ်ကြောင်းနှင့် -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြောင်းလဲရန် နိုင်ငံတကာနှင့် ဆောင်ရွက်သွားမည်ဟု ကြေငြာထားကြောင်း ပြောဆိုသွားသည်။ ဆက်လက်ပြီး ပြည်သူ့လွှတ်တော်တွင် မှတ်ပုံတင်လိမ်ပြီး ဘင်္ဂလီသုံးဦး လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေခြင်း၊ ကြံ့ခိုင်ရေးပါတီတွင် ဘင်္ဂလီများကို ပါတီဝင်များအဖြစ်  ပါဝင်စေခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ဘင်္ဂလီများမှာ မှတ်ပုံတင်မရှိဘဲ ပါတီဝင်များအဖြစ်ရှိနေသည်ဟု ကြားသိရကြောင်း၊ ဗုဒ္ဓဘာသာကိုးကွယ်သော ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတ၀ှမ်းတွင် မည်သည့်နည်းဖြင့်မဆို ဘာသာရေးနယ်ချဲ့  ကျူးကျော်လာမည်ဆိုခြင်းကိုလည်း မည်သို့မှ ပြုလုပ်၍မရကြောင်းကို ယခုချိန်မှစတင်ကာ ကြေငြာလိုက်ပြီဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ထို့နောက် အိုအိုင်စီရုံးမှ တာဝန်ရှိသူတစ်ဦးထံသို့ ကြေငြာချက်ကို ပေးအပ်လိုက်ကြောင်း၊ ရုံးစာတိုက်ပုံးထဲသို့လည်း ထည့်ပေးခဲ့ကာ အိုအိုင်စီအလိုမရှိကြောင်း ခေါင်းစည်းနှင့် လက်ကိုင်ပိုစတာများကိုင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ပွဲကို ညနေ (၃)နာရီတွင် အဆုံးသတ်လိုက်ကြောင်း သိရှိရသည်။

မူရင်းသတင်း----Arakan Time

No comments:

Post a Comment