Friday, November 9, 2012

ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် ရခိုင် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် နောက်ဆုံးကျန်ရစ်ခဲ့သော သားအဖနှစ် ဦးမှာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းရရှိသည်။ဒဏ်ရာ ရရှိခဲ့သော ဦးလပြည့်ဦး။ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသူတို့မှာ ပေါက်တောမြို့နယ် ဆံတော်ရှင် ကျွန်း စောမဲကျီ ကျေးရွာမှ ဦးလပြည့် ဦး (၄၀ကျော်) သားအဖ နှစ်ဦးဖြစ်
သည်။
ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ပေါက်တောမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရုံးမှ တာဝန် ရှိသူတဦးက နိရဉ္စ ရာသို့ ယခုလိုပြောသည်။
“မနေ့က ဆံတော်ရှင် ဘုရာဖူးလို့အပြန် အဲဒီသားအဖနှစ်ဦးက စောမဲကျီရွာနီးက ရမြိုင်ကျိုင် ဆို တဲ့ နေရာမှာ နားနေကြစဉ် ည ၅နာရီ ၁၅မိနစ်မှာ ဘင်္ဂလီမွတ်ဆလင် ဘုတ်တစီးက အနီးကပ်လာပြီး တူမီးသေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ သေနတ်သံကြားတာနဲ့ ရွာသားတွေလိုက်သွားတော့ အဲဒီ ဘင်္ဂလီ ဘုတ်ထွက်ပြေး သွားတာကို မြင်ရပါတယ်” ဟုပြောသည်။
ဦးလပြည့်ဦးမှာ ရင်ဘက်၊ ဆီးအုံနှင့် တချို့နေရာများတွင် ကျည်မှန်ပြီး ဒဏ်ရာပြင်း၍ ယမန်နေ့က စစ်တွေဆေးရုံကြီးသို့ ချက်ချင်းယူဆောင် သွားသည်ဟုဆိုသည်။ သားဖြစ်သူမှာ ကျည်မှန်သော် လည်း ဒဏ်ရာမ ပြင်းထန်သဖြင့် ဒေသဆေးရုံတွင် ဆေးကုသမှုခံနေရသည်ဟု ဆိုသည်။
နိုဝင်ဘာ ၃ရက်နေ့တွင် ယမ်းထောင်း (တူမီး)၊ တုတ်၊ဓါး၊ ဂျင်ကလိ၊ လေးဂွ၊ မြှားအစရှိသည်တို့ကို သက်ဆိုင်ရသို့ အပ်နှံရ မည် ဟု အစိုးရက တရားဝင်ကြေငြာထားပြီး  ရခိုင်ရွာများမှာ လက်နက်များ ကို သိမ်းယူနေသော်လည်း ဘင်္ဂလီကျေးရွာများမှ သိမ်းယူမှု မရှိသေးကြောင်း၊ ယခုအချိန်အထိ ဘင်္ဂလီများက ရခိုင်အမျိုးသားများကို ရန်ပြု တိုက်ခိုက်နေဆဲဖြစ် ကြောင်း သူကပြောသည်။
ယခုအချိန်အထိ ရခိုင်တိုင်း ရင်းသားများတို့၏ အသက်အိုးအိမ် များကို သက်ဆိုင်ရာ လုံခြုံရေး တပ်များမှကာကွယ် စောင့်ရှောက်မှုများ မပြုလုပ်နိုင်သေးကြောင်း သိရသည်။
ရခိုင်အမျိုးသားများအပေါ် ဘင်္ဂလီများမှ ယခုလို ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်နေမည်ဆို လျှင်ပြဿနာ ပြန်လည် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဒေသခံများက ပြောသည်။

နိရဉ္စရာ - သတင်းဌာန
ဒဏ်ရာ ရရှိခဲ့သော ဦးလပြည့်ဦး


No comments:

Post a Comment