Saturday, November 17, 2012

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်မည်

http://www.myitmakhamediagroup.com/administratorpanel/image/17-11-12-7%20(1).JPG

နိုင်ငံရေးအကျဉ်းသားများပါဝင်ခြင်းမရှိသည့် နိုဝင်ဘာ(၁၅)ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ကို  (၈၈) မျိုးဆက်ကျောင်းသား များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကန့်ကွက်သည့် ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက် သည်။

 
 
အဆိုပါကြေငြာချက်အား နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီက တော်ဝင်နှင်းဆီ၌ သတင်းစာရှင်းလင်းပွဲပြုလုပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  
 
 
အကျဉ်းသားတွေလွတ်မြောက်ဖို့ကို မျှော်လင့်နေပါတယ်။ ၈၈မျိုးဆက်ကျောင်းသားတွေရော နိုင်ငံရေးအကျဉ်း သားဟောင်းတွေရော ပြည်သူတစ်ရပ်လုံးအတွက် ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ ဒီအချိန်က စပြီးတော့ နိုင်ငံရေးနှင့်ပတ်သတ် ဆက်နွယ်သော မည့်သည့်အကျဉ်းသားကိုမဆို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့တောင်းဆိုပါတယ်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျက ပြောသည်။
 
 
ကျန်ရှိနေသော နိုင်/ကျဉ်းများ မလွှတ်ပါက နိုင်ငံတော်အစိုးရမှ ဒီမိုကရေစီစနစ်တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်သည့်နေရာများ၌  အားလုံးပူးပေါင်း ပါဝင်မှုနှင့် ပတ် သက်၍ ယုံကြည်နည်းပါးစေကြာင်းကိုလည်း သိရသည်။
 
 
လွတ်ငြိမ်းချမ်းသာခွင့်မှာ ကြေငြာထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ထာဝရငြိမ်းချမ်းရေးတို့ ဦးတည်နေပါတယ် ဆိုတဲ့ နိုင်ငံတော်အစိုးရသည် အပြောနှင့်အလုပ်လွဲနေပါတယ်လို့ ပြောချင်ပါတယ် ဟု နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။
 
 
နိုင်ငံရေးအကျဉ်းသားများ၏ လုပ်ဆောင်ချက် တိုင်းပြည် အပေါ်တွင်ထားရှိသည့် စေတနာကို မျက်ကွယ် ပြုလိုက်သည်ဟု ခံစားမိကြောင်းနှင့် နိုင်ငံတော်သမ္မတအနေဖြင့် ကြေငြာသည့် ကြေငြာ ချက်နှင့် လွတ်မြောက်ခဲ့သည့် အကျဉ်းသားများ ကွာခြားနေကြောင်း နိုင်/ကျဉ်းဟောင်းများအဖွဲ့က သုံးသပ်သည်။
 
 
တနင်္ဂနွေနေ့ နေ့တိုင်းမှာ နိုင်/ကျဉ်း မိသားစုတွေကို ကူညီတဲ့ လုပ်ငန်းစဉ်တွေကို လိုက်လုပ်နေတယ်။ အဲဒီ လုပ်ငန်းစဉ်တွေ ကို ပြင်းပြင်းထန်ထန်ဆက်လုပ်မယ်။ နိုင်/ကျဉ်းတစ်ခုထဲ မဟုတ်တော့ပဲ နိုင်ငံရေး လှုပ်ရှားနေတဲ့ အင်အားစုတွေ ဒီမိုကရေစီအင်အားစုတွေ နိုင်ငံရေးအကျဉ်းသမား လွတ်မြောက်ဖို့ ဆောင်ရွက်နေတဲ့ သူတွေနဲ့ ပူးပေါင်းပြီး မြို့နယ်တိုင်းမှာလှုပ်ရှားမှု၊ တောင်းဆိုမှုတွေ ဆက်လက် လုပ်ဆောင် သွားမယ်။ဟု နိုင်ကျဉ်းဟောင်းအဖွဲ့မှ ဦးလှဋ္ဌေးက ပြောသည်။
 
 
တိုင်းရင်သားများ နိုင်ငံရေးပါတီများ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသား တွေ လွတ်မြောက်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး တနိုင်ငံလုံးတွင်ရှိသည့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေသည့် ကွန်ယက်များဖြင့် ချိတ်ဆက်ကာတစ်ရက်တည်း တပြိုင်တည်း တစ်နိုင်ငံလုံးတွင် လှုပ်ရှားမှုကြီး တစ်ခုဖြစ်လာအောင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်း နိုင်/ကျဉ်းဟောင်းများ အဖွဲ့က သိရသည်။
 
 
လွတ်မြောက်ရန်ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများမှာ ထောင်(၁၆)ထောင်တွင် (၂၃၁)ဦး ကျန်ရှိ နေသေးကြောင်း နိုင်/ကျဉ်းဟောင်းများအဖွဲ့မှ ပြုစုထားသည့် စာရင်းများအရ သိရှိရသည်။

Ref: မြစ်မခမီဒီယာ
http://www.myitmakhamediagroup.com/administratorpanel/image/17-11-12-7%20(1).JPG

No comments:

Post a Comment