Wednesday, November 21, 2012

ညအိပ်ချိန်တွင် အီးမေးလ်ပို့ခြင်းနှင့် ဖုန်းမက်ဆေ့ခ်ျပို့ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်

 
ညအိပ်ရာဝင်ချိန်တွင် အီးမေးလ် ပို့ခြင်းနှင့် ဖုန်းမက်ဆေ့ခ်ျပို့ခြင်းသည် ကျန်း မာရေးကို ချို့ယွင်းစေနိုင်သည်ဟုသိရသည်။ ကလေးငယ်များနှင့် လူငယ် လူရွယ်များသည် အိပ်ရာဝင်ချိန်တွင် ထိုသို့ပြုမူခြင်းက အိပ်ရေး ပျက်ခြင်းနှင့် စိတ်မတည်ငြိမ်မှုကို ဖြစ်လာ စေသည်ဟု လေ့လာဆန်းစစ်မှုတွင် တွေ့ရှိ ခဲ့ရသည်။ လူငယ်လူရွယ်များအနေဖြင့် သူ တို့၏ ဖုန်းနှင့်လက်တော့ပ်ကို လက်ကမချ နိုင်အောင်ဖြစ်နေခြင်းက စိုးရိမ်စိတ်၊ စိတ် ဖိစီးမှု သို့မဟုတ် လေ့လာသင်ယူရာတွင် အခက်အခဲများပိုမိုကြုံတွေ့နိုင်သည့်အလား အလာရှိသည်ဟု ဆိုသည်။
အမေရိကန်မှ သုတေသနပညာ ရှင်တို့က ထိုသို့သောအပြုအမူများသည် ရုပ် မြင်သံကြား ကြည့်ရှုသည်နှင့်မတူဘဲ ပို၍ အရူးအမူးဖြစ်သည့်အထုံဝါသနာဖြစ်ပြီး အီး မေးလ်ပို့ခြင်းနှင့် ဖုန်းမက်ဆေ့ခ်ျပို့ခြင်းက ဦး နှောက်ကို ပို၍အလုပ်ပေးခြင်းလည်းဖြစ်သည် ဟုဆိုသည်။
နယူးဂျာစီမှသုတေသနအဖွဲ့က အသက်ရှစ်နှစ်မှ(၂၂)နှစ်အရွယ်ကြားရှိ လူ ပေါင်း ၄၀တို့အား ၎င်းင်းတို့၏ အီးမေးလ်နှင့် ဖုန်းမက်ဆေ့ခ်ျပေးပို့အသုံးပြုမှုနှင့် သူတိ
ု့၏ အအိပ်အနေအမူအကျင့်တို့ကို မေးမြန်းလေ့ လာခဲ့ခြင်း ဖြစ်သည်။
ယောက်ျားလေးနှင့် မိန်းကလေး အပါအ၀င် လူငယ်လူရွယ်တို့သည် တစ်ည လျှင် ပျမ်းမျှတစ်ကြိမ်ခန့် အိပ်ရာမှထ၍ အီး မေးလ်နှင့်ဖုန်းမက်ဆေ့ခ်ျများ အပြန်အလှန် ပေးပို့တတ်ရာ ထိုသို့ပြုမူနေသူ ၇၇ရာခိုင်နှုန်း ခန့်မှာ အိပ်မပျော်နိုင်သည့်ပြဿာနှင့် ကြုံ တွေ့နေရတတ်ကြောင်း တွေ့ရှိရသည်။
ထိုသို့သောအပြုအမူမျိုးအား ဇွဲ နပဲနှင့် အလွန်အကျွံပြုလုပ်နေခြင်းက နေ့ ခင်းဘက်တွင် စိုးရိမ်သောကစိတ်ဖြစ်ပေါ် ခြင်း၊ စိတ်ဖိစီးမှုခံစားရခြင်းနှင့်လေ့လာသင် ကြားရာတွင် အခက်အခဲ ကြုံတွေ့မှုကဲ့သို့ သော ပြဿနာများနှင့် ကြုံတွေ့ရလေ့ရှိ ကြောင်း၊ ညဥ့်နက်သန်းခေါင် ဖုန်းမက်ဆေ့ခ်ျ ပို့ခြင်းနှင့် အီးမေးလ်ပို့ခြင်းကို အလွန်အကျွံ ပြုလုပ်နေခြင်းသည် အိပ်မပျော်သည့်ရောဂါ အပြင် အချိုးမကျသည့်အနေအထားကြောင့် ခြေထောက်များနာကျင်ကိုက်ခဲမှုကိုပင်ဖြစ် ပေါ်စေနိုင်ကြောင်း၊ မိဘတို့အနေဖြင့် မိမိ တို့ သားသမီးတို့အား ဖုန်းအသုံးပြုမှုကို အချိန်ကန့်သတ်ရန်နှင့် ကွန်ပျူတာများကို အိပ်ခန်းထဲတွင်မထားရန် သုတေသနပညာ ရှင်တို့က အကြံပြုခဲ့ကြောင်း သိရသည်။
 

No comments:

Post a Comment