Sunday, November 11, 2012

သတို့သမီးလောင်း အပြေးပြိုင်ပွဲ



(ဓာတ်ပုံ  - Thiti Wannamontha)
ဘန်ကောက်မှာ ဒီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတို့သမီးလောင်း အပြေးပြိုင်ပွဲကို အမျိုးသမီး ၂၀ က သူတို့ရဲ့ အနာဂတ်လက်တွဲဖော်တွေနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

FM ရေဒီယိုဌာနကတခု ပြုလုပ်တဲ့ ဒီပွဲ အနိုင်ရရင် ဘတ် ၆ သိန်းတန် မင်္ဂလာပွဲကျင်းပဖို့ အခွင့်အရေးကြီး ရမှာ ဖြစ်တဲ့အတွက် အများအပြား လျှောက်လွှာတင်ပြီး ပြိုင်ကြတာပါ။
ဘတ် ၆ သိန်းဖိုးထဲမှာ မင်္ဂလာလက်စွပ် ၂ ကွင်း၊ ပင်လယ်ကမ်းခြေဖူးခက်မြို့ Westin Siray Bay Resort မှာ ဟန်းနီးမွန်း၊ ဧည့်သည် ၂၀၀ အတွက် ဘန်ကောက်မြို့
Royal Orchid Sheraton Hotel မင်္ဂလာခန်းမ စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ် တဲ့။

လက်ထပ်ဖို့ရည်ရွယ်ထားတဲ့အတွဲတွေထဲက ၁၅ တွဲကို ပြိုင်ပွဲဝင်ခွင့်ပြုမယ်လို့ ကြေညာထားပေမယ့် တကယ်ပြိုင်တော့ အတွဲ ၂၀ အထိ ခွင့်ပြုခဲ့တာပါ။

ပုံမှာ တွေ့ရတဲ့အတိုင်း ၀တ်စုံပြည့် ၀တ်ဆင် ပြိုင်ပွဲဝင်ကြသူတွေက အပြေးပြိုင်ရရုံတင်မက တခြား အခက်အခဲတွေကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်လို့ သတင်းတွေက ဆိုပါတယ်။
အခက်အခဲတွေထဲမှာ စက်ချုပ်၊ အိမ်ရဲ့ဝင်ငွေထွက်ငွေစာရင်းပြုစုတွက်ချက်၊ မနက်စာပြင်ဆင်တာတွေအပြင် သတို့သားလောင်းအတွက် ကြောင်လျှာသီး လည်စီး စီးပေးရတာတွေ ပါဝင်ပါတယ်။

ချစ်သူ Parkinai Anumansirikul ကို လက်ဆွဲပြေးနေတဲ့  Siriphen Viratyaporn ပါ။ သူတို့စုံတွဲ အနိုင် ရပါတယ်။
(ဓာတ်ပုံ  - The Nation)

အနိုင်ရတဲ့ အမျိုးသမီး Siriphen Viratyaporn က အသက် ၂၇ နှစ် ရှိပါပြီ။ ရုံးဝန်ထမ်းပါ။ သူ့တွဲဘက်က အသက် ၃၀ ဖြစ်ပါတယ်။

ပြေးတာကိုတော့ ကောင်းကောင်း ပြေးနိုင်ပါတယ်၊ တကယ့် အခက်အခဲဆုံးကတော့  စက်ချုပ်ရတာပါပဲ လို့ အနိုင်ရအမျိုးသမီးက ဆိုပါတယ်။

သူတို့နှစ်ဦး တွဲနေတာ ၃ နှစ်ရှိပြီ၊ လက်ထပ်ဖို့ ပြင်ထားပါတယ် တဲ့။ အခုတော့ သူတို့နှစ်ဦး ဘတ် ၆ သိန်းတန် မင်္ဂလာပွဲကျင်းပဖို့ အခွင့်အရေးရသွားပါပြီ။
ဘတ် ၆ သိန်း ဆိုတာ US$ 20,000 ၀န်းကျင် ဖြစ်ပါတယ်။
မြန်မာငွေနဲ့ ဆိုရင်တော့   ၁၆,၆၅၈,၄၇၃ ပါ။ ကျပ် သိန်း ၁၆၀  ဖြစ်ပါတယ်။ 

From -ဧရာဝတီ

No comments:

Post a Comment