Saturday, November 24, 2012

ကသာမြို့နယ် မိုးတားလေးဘိနယ်အတွင်း တရားမ၀င်သစ်လုံးများဖမ်းဆီးမိ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် မိုးတား ဘိနယ် နန့်နာကြိုးဝိုင်းအတွင်းတွင် တရားမ၀င်သစ်လုံးများ၊      သစ်ခွဲသားများ၊
သစ်ခွဲစက်များကို ကသာ ခရ
ိုင်သစ်တော ဦးစီးဌာန မှ ဖမ်းဆီး မိခဲ့ေ ကြာင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်သည် ကချင်ပြည် နယ်နှင့်ထိစပ် နေပြီး ကသာမြို့နယ် ဘက်ရှိဒေသသည် နယ်မြေလုံခြုံမှုအားနည်းခြင်း ၊လမ်းပန်းဆက် သွယ်မှုခက်ခဲခြင်း စသည့်အချက်များကို ခွဲစိတ်နေခြင်း များကို နယ် မြေတာဝန်ကျဝန်ထမ်းများမှ သတင်းပို့ တင်ပြလာမှုကြောင့် ကသာခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းဦးဆောင်သော အဖွဲ့သည် မြို့နယ်သစ် သစ်တော ဦးစီးအရာရှိ ဦးဝင်းထွန်းနှင့်သစ် တောဝန်ထမ်းများသွားရောက်ပြီး စစ်ကြောင်း(၂)ခုဖွဲ့စည်းကာ နိုဝင်ဘာလ(၁၇)ရက်နေ့ (၆)နာရီအချိန် ကသာမြို့နယ်မြောက်ဘက်များရှိ မိုးတားလေးဘိနယ်အတွင်း ၀င်ရောက်ရှာဖွေစစ်ဆေးရာ တရားမ၀င်ကျွန်း၊အင်သစ်၊ပိုတိုင်များ၊ခွဲ စိတ်သစ် စက်များ ဖမ်းဆီးရမိခဲ့ ကြောင်း သိရပါသည်။
ဖမ်းဆီးရမိသော သက်သေခံပစ်္စည်းများမှား ကျွန်းသစ်လုံးများ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းစစ်ကြောင်းမှ ကျွန်းသစ်လုံး (၈)လုံး ၀.၉၈၂၀ တန်၊အင်သစ်လုံး(၃၄)လုံး ၁၃.၄၂ ၄၀၊ အင်တိုင်တန်ဖိုး (၉၇)လုံး၊ ၂၉.၃၄၆၀တန်၊စုစုပေါင်း(၁၃၉) လုံး၊၄၃.၇၅၂၀န်ဖြစ်ပြီး မြို့နယ် ဦးစီးအရာရှိ ဦးဝင်းထွန်းစစ်ကြောင်း မှ ကျွန်းသစ်(၇၆)လုံး၊ ၁၈.၀၄၈၀ တန်၊ကျွန်းခွဲသား(၁၂၃)ချောင်း၊ ၁.၁၄၈၄တန်၊အင်ခွဲသား (၇၀) ချောင်း၊ ၁.၀၀၇၅တန်နှင့်(၂)ဖွဲ့ ပေါင်းမှ သစ်ခွဲစက်(၂)လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။ စုစုပေါင်းဖမ်းဆီးရမိသော သစ်လုံးအရေးအတွက်မှာ ၄၀၈လုံး/ ချောင်းဖြစ်ပြီး တန်ပေါင်း ၆၄.၂၂ ၅၉တန်ဖြစ်ကြောင်းသိရပါသည်။
တရားမ၀င်သစ်လုံးခုတ်လှဲ ခွဲစိတ်သူဦးဝင်းနု၊တိုက်ကုန်းရွာအား သစ်တောဥပဒေပုဒ်မ ၄၂(ဂ)၊၄၃(က) အရင်းလည်းကောင်း၊ ဦးစိုးနိုင် ဆင်ဂုံတိုင်ရွာ အားသစ်တော ဥပဒေပုဒ်မ ၄၁(က)အရ လည်းကောင်း၊ ဦးဇော်ခိုင်၊ဆင်ဂုံ တိုင်ရွာအား သစ်တောဥပဒေပုဒ် မ ၄၁(က)အရ လည်းကောင်း ဖမ်းဆီးအရေး ယူဆောင်ရွက် ထား ကြောင်းသတင်း ရရှိပါသည်။

The Hot news









No comments:

Post a Comment