Friday, November 23, 2012

ဘင်္ဂလာဒေခ်ျ့နယ်စပ် မြစ်နားရွာမှ ရခိုင် (၃)ဦး ဖမ်းဆီးခံရ


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ကမ်းခြေတွင် တည်ရှိသော မြစ်နားရွာမှ ရခိုင် အမျိုးသား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB မှ ယမန်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။“ မနေ့ညနေ ၅ နာရီ အချိန်မှာ မြစ်နားရွာထဲကို ၀င်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါ တယ်။ ယာဘားဆေးပြားတွေလည်း သူတို့ဆီက မိတယ်လို့ 
ကြားရပါတယ်။ အတိအကျ ဘယ်လောက် မိတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ရွာသား တစ်ဦးက ပြောသည်။
ဖမ်းဆီခံရသူများမှာ ဘုမောင် (ညလားကျေးရွာ)၊ မောင်စောလှ (မြစ်နားရွာ) နှင့် သူအစ်ကို တော်စပ်သူ ရဲစူး ကျေးရွာ သားတစ်ဦးတို့ ဖြစ်ကြသည်။
ယနေ့ ဘင်္ဂလာဒေခ်ျ့ ရုပ်သံဌာနများမှ အဆိုပါ ဖမ်းဆီးမူအား ထုတ်လွှင့်ပြသရာ သူတို့ထံမှ ယာဘားဆေးပြား သုံးထောင် ဖမ်းဆီးရမိသည်ဟု ရဲက ပြောသည်ဟု ဆိုသည်။
RAB ခေါ် ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့မှ သတင်းအရ သူတို့အား အနီး ကပ် စောင့်ကြည့်နေသည်မှာ ကြာနေပြီ ဖြစ်ကြောင်းနှင့် သေချာသည်နှင့် တပြိုင်နက် တည်း မြစ်နားရွာထဲသို့ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ကျေးရွာသားက ဆက်ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဘားဆေးပြားများကို ကာမအားတိုးဆေးအဖြစ် လူငယ်များ အကြား ဈေးကြီးကြီးပေး၍ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြရာ မှောင်ခိုသမားများ အနေဖြင့် အဆိုပါ အခွင့်အရေးကို အသုံးချပြီး ယာဘားဆေးပြားများကို မြန်မာနှင့် အိန္ဒိယ နိုင်ငံများက အကြီးအကျယ် မှောင်ခို တင်သွင်းနေကြသည်။
နိုဝင်္ဘာလ ၁၆ရက်နေ့ ညနေပိုင်းက ဒက္ကား-စစ်တကောင်း ကားလမ်းမကြီး ဘေးတွင် တည်ရှိသော  ကိုမီလာမြို့တွင် အိန္ဒိယမှ တင်သွင်းလာသော ယာဘားဆေးပြား တစ်သိန်း လေးသောင်းကျော်ကို  RAB က ဖမ်းဆီးရမိခဲ့သည်။ စုစုပေါင်း ဆေးပြားတန်ဖိုးမှာ တာကာ ၄၃ ဒဿမ ၂ သန်းကျော် ဖိုးရှိသည်ဟု ဆိုသည်။
နိုဝင်္ဘာလ ၂၀ရက်နေ့ကလည်း ယာဘားဆေးပြား ၄၅၀၀၀ကို သယ်ဆောင်လာသူ ၆ဦးနှင့် အတူ ဒက္ကားမြို့ အ၀င် ကွာမလာလာမ်ပူ ရပ်ကွက်တွင်  မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ကားတစီးပေါ်မှ ဖမ်းဆီး ရမိခဲ့သည်။

နိရဉ္စရာသတင်းဌာန
 


No comments:

Post a Comment