Wednesday, November 7, 2012

လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ် သစ်


လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ်သစ် ထပ်လုပ်ပါပြီ။ ဒီကနေ့ နိုဝင် ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကူပွန်စနစ်နဲ့ မဲနှိုက်ရောင်းချပေး သွားမှာပါ။ပြီးခဲ့တဲ့ မဟာလျှော့ဈေးအစီအစဉ်မှာေ တာ့ နေပြည်တော်၊ ပျဉ်းမနားနဲ့ တောင်ကြီး ဆိုင်ခွဲတွေမှာတော့ အောင်မြင် ခဲ့ပေမယ့် ရန်ကုန်နဲ
့ တခြားနေရာတွေ အောင်မြင်မှု မရှိပဲ ဖုန်း အလုံးရေ ၈၀ ကျန် ရှိနေခဲ့တာပါ။

အခုတော့ အဲဒီ Samsung Mini ဟန်းဆက် တယ်လီဖုန်း အလုံး ၈၀ ကို ကျပ် ၅ ထောင်နဲ့ ထပ်မံ ရောင်း ချပေးဖို့ အတွက် လူကြီးမင်းဆိုင်တွေကို လာရောက်ပြီး ကူပွန်မှာ အမည်၊ နေရပ်လိပ်စာတွေ ဖြည့် ကာ ပေးထားခဲ့ရမှာဖြစ်ပြီး မဲနှိုက်တဲ့ စနစ်နဲ့ မဟာလျှော့ဈေးမဲပေါက်သူကို ရောင်းချသွားမယ့် အစီအစဉ် သစ် ကို သတင်းစာမှာ ကြော်ငြာဖော်ပြထားပါတယ်။

မဲပေါက်သူအနေနဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှ လူကြီးမင်းဆိုင်တွေမှာ ၀ယ်ယူဖို့ အစီအစဉ် လုပ်လိုက်ပါ တယ်။ 

ယခင်တခေါက်ကတော့ လူကြီးမင်း ဖုန်းဆိုင်ကို မဟာလျှော့ဈေးအတွက်လာရောက်တန်းစီကြသူတွေ က ဒေါသအမျက်ထွက်ခဲ့ကြပြီး လုံခြုံရေး မထိမ်းနိုင် ဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့်ပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး လူကြီးမင်းလည်း ရှင်းခဲ့ရပါတယ်။ 
From -ဧရာဝတီ

No comments:

Post a Comment