Friday, November 30, 2012
"မြန်မာအချင်းချင်း တိုင်းတပါးတွင် ရိုင်းပင်ကူညီရမည့်အစား သတ်ပစ်လိုက်တဲ့ သင်္ခန်းစာယူဖွယ်ရာ ဖြစ်ရပ်"
Photo: "မြန်မာအချင်းချင်း တိုင်းတပါးတွင် ရိုင်းပင်ကူညီရမည့်အစား သတ်ပစ်လိုက်တဲ့ သင်္ခန်းစာယူဖွယ်ရာ ဖြစ်ရပ်"
Friday, November 30, 2012 
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ညောင်ပေါ်ကျေးရွာနေ
သူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားစဉ် ထိုင်းနိုင်ငံတွင် နိုင်ငံသားအချင်းချင်း
လူသတ်မှုတစ်ခု ဖြစ်ပွါးကြောင်း(၂၉.၁၁.၂၀၁၂) ရက်နေ့ နံနက်(၁၀း၀၀)
အချိန်ခန့်က မြို့နယ်အခြေစိုက်သတင်းထောက်များမှ သတင်းရရှိသည်။
 ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ် ကုက်္ကိုကုန်းအုပ်စု၊ ညောင်ပေါ်
ကျေးရွာနေ (ဘ)ဦးကျော်မြင့်၏သား (၄၅)နှစ်ရှိ ဦးဇော်လွင်မှ ရဲစခန်းသို့
ရောက်ရှိလာပြီး တိုင်တန်းသည်မှာ ၂၀၁၂၊ မတ်လ (၁၉)ရက်နေ့က ၄င်း၏ တူဖြစ်သူ မင်းမင်းဦး(၂၉)နှစ်၊ (ဘ)ဦးစောအပိုး သည် တစ်ရွာတည်းနေ
(ဘ)ဦးမြင့်၏သား မောင်မျိုးလင်း(ဘ)ဦးကြန်အောင်၏သား မောင်ဆန်းဝင်း(ဘ)ဦးစံအောင်၏သား မောင်သက်မင်းထွန်း တို့နှင့်အတူ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်ထွက်သွားကြောင်း မြ၀တီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ၂၀၁၂၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရာ
မင်းမင်းဦး၏ဗီဇာအမှတ် မှာ – (ပီအေ ၀၅၁၃၀၃) ဖြစ်သည်ဟု သိရကြောင်း၊
မင်းမင်းဦးတို့လေးဦးသည် ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့ မော်အောရပ်ကွက် ဇွဲနူတော်ခေါ်လမ်း အိမ်အမှတ်မရှိတွင် နေထိုင်ကြပြီး ကန်ထရိုက် မစီတာ
ဖီလင်၏ လုံးချင်းတိုက်များဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်
သည်ဟု  မောင်မျိုးလင်း၏ ဖုန်းဖြင့်ပြောပြချက်အရသိရကြောင်း၊ ၄င်းဆောက်လုပ်ရေးတွင် လယ်ဝေးမြို့နယ်၊သစ်ပုတ်ပင်အုပ်စု၊ ပင်ငမြောင်
ကျေးရွာနေ ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊
ကြည်လှိုင်(ခ) မောင်ပု၊ ဇော်မင်းသိန်း(ခ)ဖိုးဇော်၊ ဇော်ဝင်းထွန်းတို့ (၄)ဦးနှင့်
အတူ အလုပ်လုပ်ကိုင်ပြီး မင်းမင်းဦးတို့ နေထိုင်သည့် အခန်းနှင့်ကပ်လျက်
 နေထိုင်ကြသည်ဟု မောင်မျိုးလင်းမှ ဖုန်းဖြင့်ပြောပြချက်အရ သိရကြောင်း၊ ထိုသို့ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေစဉ်၂၀၁၂၊ အောက်တိုဘာ (၁၉)ရက်နေ့
 သောကြာနေ့ ညပိုင်းက အလုပ်နားချိန်တွင် ၄င်းတို့ဘောလုံးကန်ရေချိုးပြီး အရက်သောက်ကြရာ မင်းမင်းဦးနှင့် ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး တို့ ည(၇း၃၀)အချိန်ခန့်တွင် စကားများကြ၍ ၀ိုင်းဝန်းဖြန့်ဖြေ ပေးခဲ့ကြောင်း ထို့နောက်အခန်းသို့ ပြန်ကြကြောင်း ထိုနေ့ည (၈း၃၀)အချိန်ခန့်တွင် ၀င်းမြင့်အောင်(ခ) ၀င်းမြင့်ဦး(ခ)ပီချေးသည် လုပ်ငန်းသုံးစွဲသည့်
တူတစ်လက်အားကိုင်၍ မင်းမင်းဦးနေထိုင်ရာ အခန်းပေါက်ဝသို့ ၀င်လာပြီး မင်းမင်းဦး၏ ဦးခေါင်းအား နောက်ဘက်မှရိုက်ရာ မင်းမင်းဦးရှေ့သို့ လှည့်စဉ် နဖူးစပ်နှင့် နားထင်အထက်တွင် ရိုက်မိဒဏ်ရာရရှိကြောင်း ဆေးရုံသို့ ညတွင်းချင်းပို့ကြစဉ် မင်းမင်းဦးမှာ ၂၀၁၂၊ အောက်တိုဘာ(၂၀)ရက်နေ့တွင် ရရှိဒဏ်ရာနှင့် သေဆုံးခဲ့သည်ဟု၂၀၁၂၊ အောက်တိုဘာ (၂၂)ရက်နေ့ ည(၁၀း၀၀)အချိန်ခန့်တွင် မောင်မျိုးလင်းမှ တရားလို ဦးဇော်လွင်ထံ  ဖုန်းဆက်ပြောပြသိရကြောင်းဝင်းမြင့်အောင်မှာထွက်ပြေးတိမ်းရှောင်
နေကြောင်း၎င်း၏ဗီဇာအမှတ်မှာ ( ပီအေ ၀၅၁၃၁၇ )ဖြစ်ကြောင်း
 မောင်မျိုးလင်း၏ ပြောပြချက်အရ သိရကြောင်း
ဝင်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊ ၉/လ၀န(နိုင်) ၀၇၅၈၀၆ ပင်ငမြောင်ကျေးရွာ၊ သစ်ပုတ်ပင်အုပ်စု၊ လယ်ဝေးမြို့နယ်၊ မန္တလေး
တိုင်းဒေသကြီး ဖြစ်ကြောင်း ပြောပြသိရသည်ဆို၏။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်းဦးအား တူဖြင့်ထုရိုက်သတ်သူ ၀င်းမြင့်အောင် (ခ)၀င်းမြင့်ဦး(ခ)ပီချေး အား ဥပဒေအရ အရေးယူပေးပါရန် ဦးလေးဖြစ်သူ ဦးဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့်
 တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၂၈၇/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်
(၂၉.၁၁.၂၀၁၂) ရက်နေ့ ညနေ(၃း၀၅)အချိန် အမှုရေးဖွင့်ပြီး အမှုစစ် ရဲအုပ်စခန်းမှူး လှငွေမှ အမှုအား စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
The Hot News
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ညောင်ပေါ်ကျေးရွာနေသူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားစဉ် ထိုင်းနိုင်ငံတွင် နိုင်ငံသားအချင်းချင်းလူသတ်မှုတစ်ခု ဖြစ်ပွါးကြောင်း(၂၉.၁၁.၂၀၁၂) ရက်နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က မြို့နယ်အခြေစိုက်သတင်းထောက်များမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ် ကုက်္ကိုကုန်းအုပ်စု၊ ညောင်ပေါ်ကျေးရွာနေ (ဘ)ဦးကျော်မြင့်၏သား (၄၅)နှစ်ရှိ ဦးဇော်လွင်မှ ရဲစခန်းသို့ရောက်ရှိလာပြီး တိုင်တန်းသည်မှာ ၂၀၁၂၊ မတ်လ (၁၉)ရက်နေ့က ၄င်း၏ တူဖြစ်သူ မင်းမင်းဦး(၂၉)နှစ်၊ (ဘ)ဦးစောအပိုး သည် တစ်ရွာတည်းနေ (ဘ)ဦးမြင့်၏သား မောင်မျိုးလင်း(ဘ)ဦးကြန်အောင်၏သား မောင်ဆန်းဝင်း(ဘ)ဦးစံအောင်၏သား မောင်သက်မင်းထွန်း တို့နှင့်အတူ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်ထွက်သွားကြောင်း မြ၀တီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ၂၀၁၂၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရာမင်းမင်းဦး၏ဗီဇာအမှတ် မှာ – (ပီအေ ၀၅၁၃၀၃) ဖြစ်သည်ဟု သိရကြောင်း၊ မင်းမင်းဦးတို့လေးဦးသည် ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့ မော်အောရပ်ကွက် ဇွဲနူတော်ခေါ်လမ်း အိမ်အမှတ်မရှိတွင် နေထိုင်ကြပြီး ကန်ထရိုက် မစီတာ
ဖီလင်၏ လုံးချင်းတိုက်များဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်သည်ဟု မောင်မျိုးလင်း၏ ဖုန်းဖြင့်ပြောပြချက်အရသိရကြောင်း၊ ၄င်းဆောက်လုပ်ရေးတွင် လယ်ဝေးမြို့နယ်၊သစ်ပုတ်ပင်အုပ်စု၊ ပင်ငမြောင်ကျေးရွာနေ ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊ကြည်လှိုင် (ခ) မောင်ပု၊  ဇော်မင်းသိန်း(ခ)ဖိုးဇော်၊ ဇော်ဝင်းထွန်းတို့ (၄)ဦးနှင့်အတူ အလုပ်လုပ်ကိုင်ပြီး မင်းမင်းဦးတို့ နေထိုင်သည့် အခန်းနှင့်ကပ်လျက်နေထိုင်ကြသည်ဟု မောင်မျိုးလင်းမှ ဖုန်းဖြင့်ပြောပြချက်အရ သိရကြောင်း၊ ထိုသို့ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေစဉ်၂၀၁၂၊ အောက်တိုဘာ (၁၉)ရက်နေ့သောကြာနေ့ ညပိုင်းက အလုပ်နားချိန်တွင် ၄င်းတို့ဘောလုံးကန်ရေချိုးပြီး အရက်သောက်ကြရာ မင်းမင်းဦးနှင့် ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး တို့ ည(၇း၃၀)အချိန်ခန့်တွင် စကားများကြ၍ ၀ိုင်းဝန်းဖြန့်ဖြေ ပေးခဲ့ကြောင်း ထို့နောက်အခန်းသို့ ပြန်ကြကြောင်း ထိုနေ့ည (၈း၃၀)အချိန်ခန့်တွင် ၀င်းမြင့်အောင်(ခ) ၀င်းမြင့်ဦး(ခ)ပီချေးသည် လုပ်ငန်းသုံးစွဲသည့်တူတစ်လက် အား ကိုင်၍ မင်းမင်းဦးနေထိုင်ရာ အခန်းပေါက်ဝသို့ ၀င်လာပြီး မင်းမင်းဦး၏ ဦးခေါင်းအား နောက်ဘက်မှရိုက်ရာ မင်းမင်းဦးရှေ့သို့ လှည့်စဉ် နဖူးစပ်နှင့် နားထင်အထက်တွင် ရိုက်မိဒဏ်ရာရရှိကြောင်း ဆေးရုံသို့ ညတွင်းချင်းပို့ကြစဉ် မင်းမင်းဦးမှာ ၂၀၁၂၊ အောက်တိုဘာ(၂၀)ရက်နေ့တွင် ရရှိဒဏ်ရာနှင့် သေဆုံးခဲ့သည်ဟု၂၀၁၂၊ အောက်တိုဘာ (၂၂)ရက်နေ့ ည(၁၀း၀၀) အချိန်ခန့် တွင် မောင်မျိုးလင်းမှ တရားလို ဦးဇော်လွင်ထံ ဖုန်းဆက်ြေ ပြာ ပ သိရကြောင်း ၀င်းမြင့်အောင်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း၎င်း၏ဗီဇာအမှတ်မှာ ( ပီအေ ၀၅၁၃၁၇ )ဖြစ်ကြောင်း
မောင်မျိုးလင်း ၏ ပြောပြချက်အရ သိရကြောင်းဝင်းမြင့်အောင်၏ နေရပ်လိပ်စာအပြည့်အစုံမှာ ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊ ၉/လ၀န(နိုင်) ၀၇၅၈၀၆ ပင်ငမြောင်ကျေးရွာ၊ သစ်ပုတ်ပင်အုပ်စု၊ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဖြစ်ကြောင်း ပြောပြသိရသည်ဆို၏။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်းဦးအား တူဖြင့်ထုရိုက်သတ်သူ ၀င်းမြင့်အောင် (ခ)၀င်းမြင့်ဦး(ခ)ပီချေး အား ဥပဒေအရ အရေးယူပေးပါရန် ဦးလေးဖြစ်သူ ဦးဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့်
တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၂၈၇/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်(၂၉.၁၁.၂၀၁၂) ရက်နေ့ ညနေ(၃း၀၅) အချိန် အမှုရေးဖွင့်ပြီး အမှုစစ် ရဲအုပ်စခန်းမှူး လှငွေမှ အမှုအား စုံစမ်း စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
The Hot News
No comments:
Post a Comment