Monday, November 5, 2012

မိုးထိမိုးမိရွှေလုပ်သားများ ရန်ကုန်၌ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

http://www.myitmakhamediagroup.com/administratorpanel/image/5-11-12-6%20(1).JPG

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေဖြင့် ရွှေလုပ်သားများနှင့် အလွတ်သဘော တွေ့ဆုံညှိနှိုင်း မှုများ ပြုလုပ်ခဲ့သော် လည်း ရွှေလုပ် သားများအနေဖြင့် ရန်ကုန်၌ နိုဝင်ဘာလ(၃)ရက်နေ့က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည်။

 
ကျွန်တော်တို့ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက GM ဦးထွန်းအောင်စိုးက အလွတ် သဘော အနေနဲ့ လာဆွေးနွေး တယ်။ ဆွေးနွေးတဲ့ အနှစ်ချုပ်ကတော့ ရန်ကုန်မှာ ဆန္ဒလာ မပြဖို့ ဆန္ဒပြ ရင် နှစ်ဦး နှစ်ဖက်နစ်နာ တဲ့အ တွက် ပြဿနာတွေ ကို ပြေလည်အောင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို မိသားစု ပုံစံပြောပါတယ်။ ဥက္ကဌကြီးမှ တစ်စုံတစ်ရာညှိနှိုင်းခြင်း မလုပ်တဲ့ ကာလတစ်လျှောက်လုံးမှာ ဆက်လက် ဆန္ဒထုတ်ဖော်နေဦးမှာပါ။ ” ဟု ရွှေလုပ်သားခေါင်းဆောင် ကိုအောင်ကြီးက ပြောသည်။
 
ရွှေလုပ်သားများအနေဖြင့် ဥက္ကဌနှင့် တိုက်ရိုက်ဆွေးနွေးလိုသဖြင့် ရန်ကုန်ရှိ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသို့ လာရောက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။
 
ရွှေလုပ်သားများသည် ယခုလိုဒုတိယအကြိမ်ဆန္ဒ ထုတ်ဖော်ပြီး နောက်ပိုင်းတွင်လည်း ညှိနှိုင်းမှု မပြု လုပ်သေးသရွှေ့ ဆန္ဒထုတ်ဖော်ခွင့်တောင်းပြီး ဆက်လက် ဆန္ဒထုတ်ဖော်အုံးမည်ဟု သဘောထား ထုတ်ပြန်ထားသည်။
   
ကျွန်တော်တို့ အခုလာတာက မိုးထိမိုးမိကလာတဲ့ သူတွေပါ။ ဒီမှာအခက်အခဲ ပေါင်းစုံ ရှိပါတယ်။ ဈေးသည်၊ ဆိုင်ကယ်သမား၊ အင်းလုပ်ကိုင်သူများ၊ လျော်ကြေးနစ်နာသူတွေလဲ သူဟာသူ အခက် အခဲတွေ ရှိပါတယ်။ ဒီအခက်အခဲတွေ အားလုံးပြေ လည်စေချင် ရင် ကုမ္ပဏီက အဓိကကျပါတယ် ဟု ရွှေလုပ်သား ခေါင်းဆောင်ဦးစောနောင်က ပြောသည်။
 
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မိုးထိမိုးမိသို့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့တွင် ၀င်ရောက်လာခြင်းဖြစ် ပြီး၊ ရွှေမြင်တင် စာချုပ်အား ၂၀၁၂ ခုနှစ် ဇွန်လ(၁၄)ရက်နေ့၌ ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ရွှေလုပ်သားများသည် ယခင်က မိုးထိမိုးမိတောင်ပေါ်တွင် (၇)ရက်၊ ရွှေမြင်တင်တွင် တစ်ကြိမ်၊ ယခု ရန်ကုန်၌ ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော် ခဲ့ခြင်း ဖြစ်သည်။
   
ရွှေလုပ်သားများသည် အစာငတ်ခံ ဆန္ဒထုတ်ဖော်ခြင်းများ၊ ကုမ္ပဏီ၏လုပ်ရပ်များအား သရုပ်ဖော် ဆန္ဒထုတ် ဖော်ခြင်း များ ပြုလုပ် မည်ဖြစ်ပြီး ကုမ္ပဏီ၏ မဟုတ်မမှန် လုပ်ရပ်များဖြစ်သည့် စာချုပ်ပါ အချက်များအားချိုးဖောက်ခြင်း၊ လူ့အခွင့်ရေး ချိုးဖောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းခြင်း၊ သစ်တောပြုန်းတီးခြင်း အစရှိသည်တို့ကို ပြုမူနေခြင်းများအား တရားစွဲဆိုသွားမည်ဟူ၍လည်း သိရသည်။

http://www.myitmakhamediagroup.com/administratorpanel/image/5-11-12-6.jpg 
http://www.myitmakhamediagroup.com/administratorpanel/image/5-11-12-6%20(1).JPG 

မြစ်မခ - သတင်းဌာန

No comments:

Post a Comment