Wednesday, November 7, 2012

 ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုဝင်ဘာလဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ကာ သမ္မတနှင့်တွေ့ဆုံမည်



ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် နိုဝင် ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီး ၎င်းခရီး စဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံသွားရန် စီစဉ် ထားကြောင်း ထိုင်းနိုင်ငံ၏ The Nation သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

သက်ဆင်သည် နိုဝင်ဘာ ၈ ရက် ကြာသပတေးနေ့မှ စနေနေ့အထိ လာရောက် မည်ဖြစ်ပြီး ရောက်ရှိသည့်နေ့တွင်ပင် နေပြည်တော်၌ သမ္မတနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်း၏ဥပဒေ အကြံပေး နော့ပါဒွန်ပတ်တမာက ပြောကြားခဲ့သည်။

သို့သော် ၎င်းကသောကြာနေ့တွင် ထိုင်းနိုင်ငံနယ်စပ်ရှိ တာချီလိတ်မြို့သို့ သွားရောက်ရန်အစီအစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြောကြားခဲ့သည်။

နော့ပါဒွန်က တာချီလိတ်တွင် မကြာမီကသိမ်းဆည်းမိခဲ့သော RPG အပါအ၀င် လက်နက်ပစ္စည်းများကြောင့် အဆိုပါခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်းပြောသည်။ အဆိုပါပြစ်မှုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သံသယရှိသူက သက်ဆင်ကိုလုပ်ကြံရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

သက်ဆင်သည် မြန်မာနိုင်ငံသမ္မတနှင့် မည်သည့်စီးပွားရေး သဘောတူညီချက်ကိုမျှ ပြုလုပ်မည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

နEleven Media Group

No comments:

Post a Comment