Wednesday, November 28, 2012

လက်ပံတောင်း ပင်မသပိတ်စခန်းတွင် လုံခြုံရေး ထပ်တိုးလာ

 
နယူးဒေလီ (မဇ္ဈိမ)။   ။ ကြေးနီစီမံကိန်းအား ရပ်ဆိုင်းရန် ကန့်ကွက်ဆန္ဒပြနေကြသည့် လက်ပံတောင်းတောင်ရှိ ပင်မသပိတ်စခန်းသို့ လုံခြုံရေးအင်အား ၁၀၀၀ ခန့်ထိ တိုးမြှင့်ချထားကြောင်း မဇ္ဈိမ သတင်းထောက်က သတင်းပေးပို့သည်။


ပင်မစခန်းတွင် သပိတ်မှောက် သံဃာ အပါး ၄၀၀ နှင့် လူ ၂၀၀ ရှိနေသည်။

ယမန်နေ့ည သန်းခေါင်အချိန်တွင် သပိတ်စခန်းများ ရုတ်သိမ်းရနှင့် မရုတ်သိမ်းပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

No comments:

Post a Comment