Friday, November 23, 2012

သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ သနားစရာကောင်းသောခွေးကလေး


Hachiko အမည်ရ ခွေးကတော့ ကမ္ဘာကျော်ခွေးပဲ ဖြစ်ပါတယ်။ ယင်းခွေးကို အခြေခံလို့ ဂျပန်ရုပ်ရှင်၊ ဟောလိဝုဒ်ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။ သခင် သေဆုံးတာ ၉ နှစ်ကြာသွားပေမယ့် ဘူ
တာမှာ အမြဲသွားစောင့်နေခဲတဲ့ ခွေး ဖြစ်ပါတယ်။သူ့သခင်ကတော့ ၁၉၂၄ ခုနှစ်ကစလို့ တိုကျိုတက္ကသိုလ်မှ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပြီး နေ့စဉ်
ရထားစီးပြီး သွားပါတယ်။ ပြန်လာတိုင်း သူ့ခွေးလေး ဟတ်ချီကို က ဘူတာနား လာလာစောင့်ပြီး ကြိုပါတယ်။ ၁၉၂၅ မေလ မှာတော့ ပရော်ဖက်ဆာဟာ ဦးနှောက်ထဲ သွေးယိုပြီး ကွယ်လွန်ခဲ့ပါတယ်။ ရထားနဲ့တောင် အိမ်ပြန်မလာနိုင်တော့ပါဘူး။ ခွေးလေး ကတော့ သခင် လာမယ်အမှတ်နဲ့ နေ့တိုင်း ဘူတာမှာ လာစောင့်ပါတယ်။

တစ်ရက်ပြီး တစ်ရက်စောင့်ဆိုင်းရင်း ၉ နှစ်ကျော်ကြာ (၁၉၃၅ ခုနှစ်၊ မတ်လ) မှာ သေဆုံးသွားပါတော့တယ်။ အသက် ၁၁ နှစ်အရွယ် မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သခင်ရှိစဉ် တစ်နှစ်လုံး ဘူတာမှာ လာကြိုပြီး သခင်မရှိတော့ပေမယ့်လည်း နောက်ထပ် ၉ နှစ်လုံးလုံး
ဘူတာမှာ လာစောင့်ပါတယ်။ ပုံမှန် ကျောင်းဆင်းချိန်ဆိုရင် ဟတ်ချီ
ကိုကို ဘူတာမှာ မြင်နေကြပြီ ဖြစ်ပါတယ်။

အနီးဝန်းကျင်လူများက သတိမထားမိပေမယ့် နှစ်တွေကြာလာတော့ မသိသူ မရှိတော့ပါဘူး။ နောက်တော့ သခင်ကို လာလာစောင့်မှန်း လူတိုင်းသိပြီး သနားကြပါတယ်။ ဘယ်သူခေါ်မွေးမွေး မလိုက်ပဲ သခင်ကိုသာ စောင့်ဆိုင်းခဲ့သူ ဖြစ်ပါတယ်။ တစ်နေ့ Shibuya မြို့  ငယ် လမ်းတစ်နေရာမှာ သေဆုံးနေတဲ့ ဟတ်ချီကိုကို တွေ့မြင်ခဲ့ပြီး သူ့ရဲ့ 
သခင့်အပေါ် သစ္စာရှိမှုအတွက် ဂျပန်ပြည်သူအားလုံး အသိအမှတ်ပြု
ခဲ့ပါတယ်။

ဒါကြောင့် National Loyalty အထိမ်းအမှတ်တစ်ခုအနေနဲ့ ခွေးကလေး ဟတ်ချီကို ကို ဂုဏ်ပြုခဲ့ပြီး ယနေ့တိုင် ဂျပန်တို့ အမြတ်တနိုးထားပါတယ်။ အုတ်ဂူ သီးသန့်ပြုလုပ်ထားပေးပြီး ပြတိုက်မှာလည်း ဖယောင်းရုပ်တု
ပြုလုပ်ထားပေးပါတယ်။

ဟတ်ချီကိုရဲ့  သခင့်အပေါ် သစ္စာရှိမှုကို စံပြတစ်ခုအနေနဲ့ ဂျပန်မှာ ယနေ့
တိုင် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
--
International news for myanmar

No comments:

Post a Comment