Friday, November 9, 2012

ရန်ကုန်မြစ်ပြင်၌ တစ်ဦးလျှင် ကျပ်(၂၅၀)နှင့် တံလျှပ်စီးနိုင်တော့မည်

ရန်ကုန်မြစ်အတွင်း နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်း ပထမဦးဆုံးအနေဖြင့် ခရီးသည် (၃၀၀)ဆန့် လူစီးကူးတို့ တံလျှပ်ရေယာဉ် အား နေ့စဉ်ပြန်လည် ပြေးဆွဲေ ပးမည်ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း လိုင်း၊ မြစ်ဝကျွန်းပေါ်ဌာနခွဲက  သိရှိရသည်။
   
ဘုရင့်နောင်အတွင်း ယာဉ်ကြောလမ်းပိတ်ဆို့မှုအဆင်ပြေစေရန် လုပ်သားပြည်သူများအတွက် အဓိက ရည်ရွယ်ပြေးဆွဲခြင်းဖြစ်ပြီး အဆိုပါ ကူးတို့ရေယာဉ်အား ပို့ဆောင်ရေးဝန်ကြီးဌာနပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ နိုဝင်ဘာ (၁၂)ရက်နေ့မှ စတင်ကာ ပြေးဆွဲပေးမည်ဖြစ်သည်။

 
 
ရေယာဉ်ပြေးဆွဲခြင်းကို လှိုင်သာယာမြို့သစ် အကောင်အထည်ဖော်စ ဘုရင့်နောင်တံတား မဆောက်လုပ်ခင်  ၁၉၉၀ခုနှစ်   ဖေဖော်ဝါရီလ အတွင်း က  လှိုင်သာယာမှ မြို့တွင်းသို့ နေ့စဉ်ရေယာဉ် (၂)စီး ပြေးဆွဲ ပေးခဲ့ပြီး ဘုရင့်နောင် တံတားဆောက် လုပ်ပြီး ၁၉၉၄ ခုနှစ် ဇွန်လ တွင် ရေယာဉ် ပြေးဆွဲမူ ရပ်နားထားခဲ့ရာမှ  ယခုမှ ပြန်လည်ပြေးဆွဲပေးခြင်းဖြစ် သည်။
 
 
 “ဒီ ကူးတို့ယာဉ်ဆွဲပေးတာကို  တစ်လလောက်က ဆာဗေး လုပ်ထားတာပါ။ ၁၉၉၀ တုန်းကတော့ နှစ်စီးပြေးဆွဲခဲ့ပါတယ်။ အခုက ပြန်ပြေးဆွဲတာပါ။ ၂၂နှစ်အတွင်းမှာ ပထမဦးဆုံးပါ။ နောက်ပိုင်းမှာ လည်း ခရီးသည်တွေ အပေါ်မူတည်ပြီး ထပ်တိုးချဲ့ပေးသွားမှာပါ ” ဟု ပြည်တွင်း ရေကြောင်းလိုင်း၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ လက်ထောက်မန်နေဂျာ ကိုဇော်သက်အောင်က ပြောသည်။   
 
 
ပြည်တွင်းရေကြောင်းလိုင်းပိုင် တံလျှပ်ရေယာဉ် အမျိုးအစားဖြင့် ဘုရင့်နောင် FMI ရှမ်းဘုန်းကြီး ကျောင်းကူးတို့ဆိပ်နှင့် စဉ့်အိုးတန်း(လမ်းမတော်)သို့ နေ့စဉ်အသွား/အပြန် နေ့/ည တစ်ခေါက်စီ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရှိရသည်။
 
 
ဘုရင့်နောင် ကားပိတ်ရင် အနည်းဆုံး နာရီဝက်လောက် ကြာတယ်။ ကျွန်မတို့ဆို ရုံးချိန်မှီအောင် နေ့တိုင်း ၄၅မိနစ်လောက် ကြိုထွက်ရတယ်။ ကားလမ်းပိတ်မှာလည်း မပူ ရတော့ ကောင်းပါတယ်။ ခရီးသည်တွေအတွက် အဆင်ပြေသွားတာပေါ့ ” ဟု ဘုရင့်နောင်၊ FMIတွင် နေထိုင်သော ရုံးဝန်ထမ်း မရင်နုက ပြောသည်။     
 
 
ယခုပြေးဆွဲမည့် ရေယာဉ်မှာ ကြာမြင့်ချိန် တစ်နာရီခရီးအား ခရီးသည်တစ်ဦးလျှင် စီးနှင်းခ(၂၅၀)ကျပ် ကောက်ခံမည်ဖြစ်ပြီး ကာရေယာဉ်ပေါ်တွင် ခရီးသည်များ သက်တောင့်သက်သာ စီးနှင်းနိုင်ရန် ထိုင်ခုံနှင့် ရေသန့်ဗူးကြီးများ တင်ထားပေးမည်ဖြစ်ပြီး၊ လက်ဖက်ရည်ဆိုင်ပါဝင်မည် ဖြစ်သည်။
 
 
လှိုင်သာယာမြို့နယ် ဘုရင့်နောင်ကူတို့ဆိပ်မှ  နံနက်( ၇)နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး စဉ့်အိုးတန်း ဆိပ်မှ ညနေ(၅)နာရီတွင်  ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
From -မြစ်မခ

No comments:

Post a Comment