Saturday, November 24, 2012

တိုင်းရင်းသားကျောင်းသားတွေနဲ့ နယ်စပ်ဝန်ကြီး ပြေလည်မှုတချို့ရရှိ


စစ်ကိုင်းတိုင်း ရွာသစ်ကြီး တိုင်းရင်းသားဖွံဖြိုးရေး တက္ကသိုလ်ကိုေ၇ွ့ ပြောင်းခံရတဲ့ မန္တလေး တိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ ဖြိုးရေး ဒီဂရီကောလိပ်က ကျောင်း သူ ကျောင်းသားတွေဟာ သူတို့ ရဲ့ မူလ ကျောင်းဟောင်းမှာ ပြန်လည် ပညာသင်ကြား ခွင့်ရ ရေးအတွက် တောင်းဆိုနေတာ ဒိကနေ့မှာတော့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ပြေလည်မှု တချို့ရရှိခဲ့ပါတယ်။

မန္တလေးမြို့မှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ နိုဝင်ဘာ ၂၄ ရက် မနက် ၁၀ နာရီကျော်မှာရောက်ရှိလာပြီး တောင်းဆိုနေတဲ့ ကျောင်းသားတွေကို ကျောင်းခန်းမဆောင်မှာ တွေ့ဆုံခဲ့အပြီး ကျောင်းသားတွေရဲ့ တောင်းဆိုမှုတချို့ကို လိုက်လျောခဲ့တာပါ။


တိုင်းရင်းသား ကျောင်းသားများတွေကို ကျောင်းအတွင်း ၁လနေခွင့်ပြုပြီး ၊ စားသောက်စရိတ်များကို ထောက်ပံ့ပေးသွားမှာ ဖြစ်သလို တိုင်းရင်းစွမ်းရည်ဖွံ့ဖြိုးရေး ကောလိပ်နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းမှာ ဆွေးနွေးပေးသွားမယ်လို့ ၀န်ကြီးက ပြောဆိုခဲ့ပြီး ကျောင်းသားတွေကိုလည်း လိုက်နာဖို့ စည်းကမ်းချက်တချို့ကိုလည်း ပြောကြားသွားခဲ့ပါတယ်။


ပြည်ထောင်စု တိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) က ကျောင်း သား ၅၀၀ လောက်ဟာ နေရာသစ်မှာ အခက် အခဲရှိ တာတွေရှိနေ တာကြောင့် နိုဝင်ဘာ ၂၂ ရက်ညပိုင်းက စစ်ကိုင်း တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ကနေ မန္တလေးမြို့အထိ လမ်း လျှောက်ပြန်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။


နယ်စပ်ဒေသ၀န်ကြီးဌာန လက်အောက်ခံ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) ကို ပညာရေးဝန်ကြီးဌာနကနေ မန္တလာကောလိပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ဖို့ ရှိတာကြောင့် ကျောင်းသားတွေက မကျေနပ်ပဲ အခုလိုလူစုလူဝေးနဲ့ တောင်းဆိုနေရတာလည်း ဖြစ်ပါတယ်။


တိုင်းရင်းသား ဒီဂရီကောလိပ်ဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးက အစိုးရ ၁၀ တန်းအောင် တိုင်းရင်းသားကျောင်းသားတွေကို သင်ကြာပေးနေတဲ့ ကောလိပ် တခု ဖြစ်ပြီး၊ ၂၀၀၀ နှစ်ကထဲက ဖွင့်လှစ်သင်ကြားပေးနေခဲ့တာလဲ ဖြစ်ပါတယ်။
From -DVB

No comments:

Post a Comment