Friday, November 16, 2012

နိုင်ငံတော် သမ္မသကြီး နှု့် အမေရိကန် သမ္မတ အိုဘားမား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံမည်ဟု ဆို

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တော် မင်္ဂလာဒုံလေဆိပ်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် မိနစ် ၃၀ ကြာ တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏နေအိမ်တွင် န
ာရီဝက်ကြာ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ယင်းနောက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ၏ ခရီးစဉ် အစီအစဉ်ကို ရရှိထားသော အမည်မဖော်လိုသူ နိုင်ငံခြားသတင်းမီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးက ဖနွမ်းပင်အာဆီယံအစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ဖနွမ်းပင်အာဆီယံအစည်းအဝေးသို့ တက်ရောက်ရန် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်မည်ဖြစ်သဖြင့် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ခေတ္တပြန်ဖွယ်ရှိကြောင်း၊ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ အိုဘားမားကို တွေ့ဆုံရန် ရန်ကုန်မြို့သို့ ခေတ္တပြန်ပြီးပါက ယင်းနေ့တွင်ပင် ဖနွမ်းပင် အာဆီယံအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယားသို့ ပြန်လည်ထွက်ခွာမည်ဟု ဖနွမ်းပင်အာဆီယံအစည်းအဝေးတွင် တက်ရောက်သတင်းယူနေသော သတင်းသမားများက ခန့်မှန်းကြသည်။
From -TheVoiceWeekly

No comments:

Post a Comment