Monday, November 26, 2012

နိုက်ဂျီးရီးယား ခရစ်ယာန်ဘုရားကျောင်း အသေခံဗုံးခွဲမှု လူ ၁၁ ဦးသေဆုံး

http://www.thehindu.com/multimedia/dynamic/01280/Nigeria_attack_1280067f.jpg
နိုက်ဂျီးရီးယား နိုင်ငံတွင် ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို ဦးတည်သော အသေခံ ဗုံးခွဲမှု တစ်ခုအတွင်း လူ(၁၁)ဦး သေဆုံး သွားကြောင်း သိရှိရသည်။ ထို့အပြင် အခြားဝတ်ပြုသူ အချို့လည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ အစ္စလာမ်နှင့် ခရစ်ယာန် ဘာသာဝင်များကြား တင်းမာမှုများ မြင့်တက်နေသော နိုင်ငံအတွင်း တနင်္ဂနွေနေ့ က ဖြစ်ပေါ်
ခဲ့သော အသေခံ ဗုံးခွဲမှုသည် နောက်ဆုံးပေါ် ပြဿနာ တစ်ရပ်လည်း ဖြစ်လာသည်။



စိန့်အင်ဒရူး စစ်ဘက်ဆိုင်ရာ ပရိုတက်စတင့် ဘုရားကျောင်းကို ဦးတည်ကာ ယခုလို ဗုံးခွဲခဲ့ခြင်း ဖြစ်သည်။ မြောက်ပိုင်း ကာဒူနာ ပြည်နယ်မှ ဂျာဂျီရှိ လက်နက်ကိုင်တပ်ဖွဲ့ ကောလိပ်ဝင်းအတွင်း တည်ရှိသော ဘုရားကျောင်းကို ပထမအကြိမ် ဗုံးခွဲပြီးနောက် မိနစ်ပိုင်းအတွင်း နောက်ထပ် အသေခံ ဗုံးခွဲသမားတစ်ဦးက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ် အရာရှိ တစ်ဦးက ဗုံးသမားများသည် မော်တော်ကားများကို စစ်ဘက်ဆိုင်ရာ အဝန်းအဝိုင်း တစ်ခုအတွင်း လွတ်လွတ်ကျွတ်ကျွတ် မောင်းဝင်လာနိုင်ခြင်းက မိမိတို့အတွက် ရှက်စရာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ဗိုလ်မှူးကြီး မိုဟာမက် ဒိုလီက လူ(၁၁)ဦး သေဆုံးပြီး (၃၀)မျှ ဒဏ်ရာရခဲ့ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။ "ထိခိုက်မိသူတွေကို ဂျာဂျီနဲ့ ကာဒူနာမှာရှိတဲ့ စစ်ဆေးရုံတွေကို တင်ပို့ခဲ့ပါတယ်။ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လတ်တလောမှာ စုံစမ်းမှုတွေ လုပ်နေတုန်းပါပဲ"ဟု ဒိုလီက ပြောဆိုခဲ့သည်။ ဗုံးဖောက်ခွဲမှုတွင် ကားနှစ်စင်း ဘုရားကျောင်းထဲ မောင်းဝင်လာပြီး တစ်စင်းမှာ ဥပစာရှေ့တွင် ပေါက်ကွဲကာ နောက်တစ်စင်းမှာမူ ဘုရားကျောင်း အပြင်ဘက်၌ ပေါက်ကွဲသွားခြင်းဟု သိရှိရသည်။

Source: TheHindu

No comments:

Post a Comment