ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခ္ခတွေနဲ့ ပတ်သက် ပြီး မြန်မာခေါင်းဆောင်တွေ ချမှတ်လုပ်ဆောင်နေတဲ့ အစီအစဉ်ဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းေ ရးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ကြို ဆိုလိုက်ပါတယ်။
လူတွေ အများအပြားသေကြေပြီး မိသားစုတွေ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့
အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့သူတွေရဲ့ ရာဇဝတ်ပြစ်မှုတွေကို ရှုတ်ချကြောင်း၊
အပြစ်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူစီရင်သွားဖို့
ကတိပြုကြောင်းဖော်ပြထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပေးစာကို မနေ့က
ရရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပေးစာမှာ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ အေးချမ်းသွားတဲ့ အခါမှာ နိုင်ငံမဲ့ ရိုဟင်ဂျာ လူနည်းစုတွေအတွက် လုပ်ပေးနိုင်တဲ့ ရပိုင်ခွင့်တွေ ဖန်တီးပေးသွားဖို့ စဉ်းစားမှာ ဖြစ်ကြောင်း၊ နိုင်ငံ သားပြုမှု၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ လွတ်လပ်စွာ ခရီးသွားလာခွင့် စတဲ့ အခွင့်အရေးတွေကို စဉ်းစားပေးသွားနိုင်တယ်လို့ ဖေါ်ပြထားကြောင်းလဲ မစ္စတာ ဘန်ကီမွန်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ref:RFA
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း
No comments:
Post a Comment