Saturday, November 24, 2012

ကချင်ပြည်နယ်နေရာအနှံ့အပြားမှာ လူငယ်လူရွယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေသူများရှိနေ

ဆဒုံးမြို့နယ်ခွဲ မြောက်ဘက်မှာရှိတဲ့ မန်ဝိန်း-ဆိုင်လော်ဒေသက KIA ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရလာရတဲ့ ရွာသား အချို့ဟာ KIA လုံထန်စခန်းကိုရောက်ပြီးနောက် ဇူလိုင်လ ၁၇ ရက်နေ့မှာ ၃ ယောက်ဟာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။ ထွက်ပြေးသူတွေကို ရင်း(၃)က ဗိုလ်လဆိုင်းအဖွဲ့က လိုက်ရှာတာ ဇူလိုင်လ ၁၈ ရက်နေ့မှာ
အထက်ရှမ်းရွာက ပြန်ဖမ်းမိပြီး လုံထန်စခန်းနားက ရေချောင်းမှာ တစ်ညလုံး ရေစိမ်
အပြစ်ပေး ခဲ့ကြောင်း KDN ကိုသတင်းပေးပို့လာပါ တယ်။


            အထက်ရှမ်းရွာမှ ရွာသားတစ်ဦးကတော့ “ ရေစိမ်ခိုင်းပြီး အပြစ်ပေးတာတော်သေးတာပေါ့၊ KIA ရင်း(၃)ဌာနချုပ် ဆိုင်းအောင်မှာ သင်တန်းတက်ရင်းနဲ့ ခဏထွက်ပြေးလို့ဆိုပြီး အထက်ရှမ်းရွာသား မောင်ယုံရှင်း(၂၀)နှစ်နဲ့ မောင် အိုက်စံ(၂၅)နှစ်တို့ကို ဇူလိုင်လ(၁၅)ရက်နေ့က သင်တန်းသားတွေရှေ့မှာ ပစ်သတ်ပြလိုက်တယ်။ အခုရွာမှာ ဆုတောင်းပွဲလုပ်ပေးနေတယ်။ သူတို့အမေတွေတော့ ရူးမတက်ပဲ ” ဟု ပြောဆိုလာပါတယ်။ KIA ကချင်လက်နက်ကိုင်အဖွဲ့ အနေနဲ့ ဒီရက်ပိုင်းအတွင်း နေရာတိုင်းလိုလိုမှာ အတင်းအဓမ္မလူသစ်ဖမ်းဆီး စုဆောင်းမှုများပြုလုပ်နေတဲ့အတွက်ကြောင့် လူငယ်လူရွယ်များ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း သတင်းများ ရရှိပါတယ်။
သတင်း - ကချင်သတင်းစဉ်

No comments:

Post a Comment