Monday, November 26, 2012

ပြည်မြို့ ရေနုတ်မြောင်းတူးဖော်ရာမှ စစ်ကျန် ဗုံးသီးဟောင်းများတွေ့ရှိ



ပြည်မြို့ ဆင်စုရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းဘေးနှင့် အိမ်အမှတ် (၂၇၅)အကြားတွင် နိုဝင်ဘာ ၂၂ ရက် နံနက် ၉ ရီကမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ရေနုတ်မြောင်းတူးဖော်စဉ် စစ်ကျန်ဗုံးသီးဟု ယူဆရသော ဗုံးသီး များ တွေ့ရှိခဲ့သည်။

ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်စိုး ဦးစီး၍ အလုပ်သမား နှစ်ဦး ဖြင့် အကျယ်၂ ပေ၊ အနက် ၃ ပေရှိ ရေနုတ်မြောင်း တူးဖော်ခဲ့ရာမှ အလျား ၁ ပေခန့် လုံးပတ် ၁ဝ လက်မခန့်ရှိ အပိုင်းအစ တစ်စုတို့ကို တွေ့ရှိခဲ့သည်။

အဆိုပါနေရာသို့ ပြည်ခရိုင် အုပ်ချုပ် ရေးမှူး ဦးအံ့မော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် ပြည်တပ်နယ် တာဝန်ရှိသူများမှ ထပ်မံတူးဖော်ရာ အလျား ၁ ပေ၊ လုံးပတ် ၁ဝ လက်မခန့် ရှိ ဗုံးသီးဟောင်း တစ်လုံးကို ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
from -မ၀တီ

No comments:

Post a Comment