Friday, November 9, 2012

ဘားကမ့် ရန်ကုန် ၂၀၁၃ ဇန်နဝါရီ တွင် ကျင်းပမည်


ရန်ကုန် ၊ နိုဝင်ဘာ ၈

ဘားကမ့် ၂၀၁၃ ကို ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့များတွင် ကျင်းပသွားမည်ဟု အဆိုပါ ပွဲကို ဦးဆောင်ကျင်းပမည့် Myanmar ICT Development Organization ( MIDO)မှ မရတနာ က နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြောကြားသည် ။“နိုဝင်ဘာ ၉ ရက်နေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ် ၊ ပွဲက ဇန်နဝါရီ ၁၉၊ ၂၀ မှာ လုပ်မယ်၊ Sponser က တော့ လောလောဆယ် ရှာနေတုန်းပါပဲ ” ဟု ၎င်းကပြောကြားသည် ။

သတင်းစာရှင်းလင်းပွဲကို MICT Park တွင် နိုဝင်ဘာလ ၉ ရက် နေ့ နေ့လည် ၂ နာရီ မှ ၃ နာရီ အထိ ပြုလုပ်သွားမည် ဟု ၎င်းကဆက်လက် ပြောကြားသည် ။


ယခု ကျင်းပမည့် ဘားကမ့် ရန်ကုန် ၂၀၁၃ မှာ မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်သော ပွဲဖြစ်ပြီး ၂၀၁၀၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များကလည်း ရန်ကုန် နှင့် မန္တလေး မြို့များတွင် ကျင်းပခဲ့သည် ။
From -TheVoice

No comments:

Post a Comment