Tuesday, November 6, 2012

ဘင်္ဂလီများသည် လက်နက်များကိုအကုန်လုံးမအပ်နှံပဲ ကျန်ရှိလက်နက်များနှင့်တိုက်ခိုက်နေကြောင်းသိရှိရ

 
၎-၁၁- ၂၀၁၁ နေ့ည ၆ နာရီအချိန်ခန့်တွင် စိုးဝင်း၊ ဘ-ဦးမောင်ဘချေ၊ ၂၈ နှစ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအရှေ့ဘက်ရှိ ဂင်္ဂါဂျိုင်တွင် ကွမ်းခင်းနှင့် ဥယျာဉ်ခြံများလုပ်ကိုင်နေထိုင်စဉ် ညနေ၀င်ချိန် တဲပြင်သို့ ထွက်နေစဉ် ဘင်္ဂလီ ၂၀ ဦးခန့်လာပြီး လေးဂွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒူးအောက် ပိုင်းထိမှန်ကာ ဒဏ်ရာရှိခဲ့ပါသည်။

အဆိုပါ စိုးဝင်သည် ထွက်ပြေးခဲ့ခြင်းကြောင့် လွတ်မြောက်လာခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။ ကွမ်းခြံတစ်ခုဖျက်ဆီးခံရပြီး ၊ တစ်ခြားငှက်ပျောပင်များနှင့် ဥယျာဉ် ခြံအတွင်းရှိ စားပင်များ၊ တဲများ ကိုလည်းဖျက်ဆီးခဲ့ကြောင်းသိရသည်။ ထိုသို့ ဖျက်ဆီးသူများမှာ သရက်အုပ်ဘက်မှ ထွက်ပြေး သွားသောဘင်္ဂလီများဖြစ်ပြီး နဂနာဘက်တွင်ရောက်ရှိနေသူများဖြစ်နိုင်ကြောင်းသိရသည်။
ပန်းမြောင်းကျေးရွာဟောင်း ရွာသစ်ရပ်မှ ရခိုင်တစ်ဦး၏ နွားထီးကြီး ၂ ကောင်အားလည်း ဘင်္ဂလီများ ခိုးယူသွားခဲ့ကြောင်းသိရသည်။ အလားတူ အိုးပြန်တောင်ဘက်မှ ရခိုင်တစ်ဦးက နွားထီးတစ်ကောင် ကိုလည်း စားကျက်မှ ခိုးယူသွားခဲ့ကြောင်းသိရသည်။

အဆိုပါအမှုအား မင်းပြားရဲစခန်တွင် မနေ့ ၅ ရက်နေ့က အမှုဖွင့်ထားကြောင်းလည်းသိရှိရပါသည်။ ယင်းအတွက် ထိရောက်စွာအရေးယူရန်လိုအပ်နေပြီဖြစ်ပြီး ရခိုင်များလုပ်ကိုင်စားသောက်ရန်ခက် ခဲ အောင် တစ်ဦးချင်းတစ်ယောက်ချင်းမနေရဲအောင် တိတ်တဆိတ် သတ်ဖြတ်ရန်ကြံစည်မှုများအပေါ် အရေးယူမှု ပြင်းပြင်းထန်ထန် ပြုလုပ်ရန်လိုအပ်နေပြီဖြစ်ပါသည်

အစိုးရမှ ထုတ်ပြန်ထားသော ဒုတ်၊ဓါးလက်နက်များအပါအ၀င် အခြားသောလက်နက်များကိုလည်း အပ်နှံ့ရမည်ဆိုသည့်အချက်များကို လိုက်နာမှုမရှိသော ဘင်္ဂလီများအား အရေးယူနိုင်မှုမရှိပါက ထိုသို့ သောကိစ္စရပ်များစွာ ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ဥယျာဉ်ခြံများလုပ်ကိုင်စားသောက်ရန်ပင် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဒေသခံများက စိုးရိမ်စွာပြောဆိုကြပါသည်။

No comments:

Post a Comment