Wednesday, November 21, 2012

လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား တစ်ချို့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်

မြန်မာအစိုးရရဲ့ နိုဝင်ဘာလ ၁၉ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ထဲမှာ ပြန် လည် လွတ်မြောက်လာတဲ့ ဦးမြင့်အေး အပါအ၀င် နိုင်ငံရေးအကျဉ်းသား တချို့က နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းမပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်း ပွဲ ပြုလုပ် ခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ရွှေပြည်သာ ကြံ့ခိုင်ရေးရုံးကို ဖောက်ခွဲဖို့ကြံစည်တယ်လို့ ခေါင်းစဉ်တပ်ပြီး အစိုးရကဖမ်းဆီးထောင်ချခဲ့တဲ့ ဦးမြင့်အေးက ဒီကိစ္စမှာပါဝင် ပတ်သက်သူတွေဟာ အစိုးရစွပ်စွဲသလို သူတို့မကျူးလွန်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

နိုဝင်ဘာလ ၁၉ရက်နေ့က လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဦးမြင့်အေး၊ ကိုလင်္ကျာထွန်း၊ ကိုဇော်ဇော်အောင်၊ ကိုသိန်း(ခ)ကိုသိန်းထွန်းတို့က သူတို့ကို ဖမ်းဆီးခဲ့စဉ်က တပ်ထားခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှု၊ ဖောက်ခွဲမှုစတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီး မမှန်ကန်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့တွေ ဖမ်းဆီးထိမ်းသိန်းခံခဲ့ရစဉ်က ညှင်းပန်း နှိပ်စက်ခံခဲ့ရတာတွေ အတင်းအကျပ် ဖြောင့်ချက်ပေးခိုင်းတာတွေနဲ့ ပတ်သက်ပြီး တစ်ဦးချင်းစီက သူတို့ရဲ့အတွေ့အကြုံတွေကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ကြပါတယ်။

RFA (မြန်မာပိုင်း)
 
 


1 comment:

  1. နိုင်ငံရေးသမား အမည်ခံ ဗုံးခွဲ၊ လူသတ် ABSDF များ လွတ်လာပါပြီ...

    ReplyDelete