ယနေ့ (နိုဝင်ဘာလ ၆ရက်နေ့) တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်း အဝေးတွင်မြန်မာနိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲ ပြဌာန်းပြီး လက်ရှိ မြန် မာနိုင်ငံသား ဥပဒေ ၁၉၈၂ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် (၄) အားကိုယ် စားလှယ် (၁၀)ဦးက ပယ်ဖျက်သင့်ကြောင်း အဆိုအား လွှတ်တော်ဆွေးနွေး ခြင်း ပြည်ေ ထာင် စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေ ရှင်းဆွေးနွေးခြင်း။ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ဆောင်ရွက်ခဲ့သည်။
ယင်းအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက
အထောက် အထား အချက်အလက်ခိုင်လုံ စွာဖြင့် ၁၉၈၂ ခုနှစ်ဥပဒေအား ပယ်ဖျက် ခြင်း
မပြုဘဲ ပိုမိုခိုင်မာစေရန်သာ တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း ၊ ပြည်သူ့ဆန္ဒ ခံယူသင့်ကြောင်း၊ ကန့်ကွက်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးဦးခင်ရီကလည်း
ပယ်ဖျက်ခြင်းမပြုသင့်ကြောင်း၊ ပြည်သူလူထုထံ တင်ပြပြီး ရေးဆွဲ ခဲ့သော
ဥပဒေဖြစ်ကြောင်း သမိုင်းအထောက်အထားများနှင့် ပြန်လည်ရှင်းလင်း တင်ပြခဲ့သည်။
နောက်ဆုံးတွင် ကန့်ကွက်သူများနေ၍ ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ
ထားရှိမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌက ဆုံးဖြတ်ခဲ့ကြောင်း
သိရှိရသည်။
Hmuu Zaw
No comments:
Post a Comment