Tuesday, November 27, 2012

ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူများအား မျက်ရည်ယို ဗုံးများ အသုံးပြု၍ နှိမ်နင်းခဲ့ခြင်း


Photo: ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြသူများအား မျက်ရည်ယို ဗုံးများ အသုံးပြု၍ နှိမ်နင်းခဲ့ခြင်း

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ယင်လပ်ရှီနာ ဝပ်ထရာ၏ အစိုးရ အဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒပြမှု များ၌ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူ ဒါဇင်ပေါင်း များစွာအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြားခဲ့သည်ဟု AFP သတင်း တစ်ရပ် အရ သိရှိရပါသည်။ အဆိုပါ ဆန္ဒပြ အဖွဲ့ဖြစ်သည့် Pitak Siam အဖွဲ့အား ထိန်းသိမ်းရန် အတွက် ဘန်ကောက် မြို့၏ခရိုင် ၃ ခုတွင် ရဲတပ်ဖွဲ့ဝင် ၁၇,ဝဝဝ ခန့် ဖြန့်ကြက် ချထားခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့ လည်ပိုင်းတွင် ဆန္ဒပြသူ ၁၂,ဝဝဝ ခန့်ရှိကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယို က ပြောကြား ခဲ့ပါသည်။ Pitak Siam အဖွဲ့နှင့် ဆန္ဒပြသူများသည် လက်ရှိ အစိုးရအား ဖြုတ်ချသွားမည်ဟု ကတိပြု ခဲ့ကြ ကြောင်း ၎င်းဆန္ဒပြ အဖွဲ့ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟောင်း ဆွန်လက် ကောပရာဆစ် က ပြောကြား ခဲ့ပါသည်။ 

အဆိုပါ ဆန္ဒပြသူများမှ...အဖွဲ့တစ်ဖွဲ့သည် ၎င်းတို့ ဆန္ဒပြရာ နေရာအနီးရှိ ကုလသမဂ္ဂ အဆောက် အဦ၏ ရှေ့တွင် တားဆီးထားသော သံဆူးကြိုးများနှင့် အတားအဆီးများကို ဖယ်ရှားရန် ကြိုးပမ်း မှုကြောင့် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် ခဲ့ကြောင်းနှင့် ဆန္ဒပြသူ များသည် သတ်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်း များအား လိုက်နာမှု မရှိသောကြောင့် ၎င်းနေရာ တစ်ခုတည်း တွင်သာ မျက်ရည်ယို ဗုံးများကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြား ခဲ့ပါသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၁ဝဝ ခန့်ထံမှ ဓားများနှင့် ကျည်ဆံများ သိမ်းဆည်း ရမိခဲ့ပြီးနောက် ၎င်းတို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထိုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် ၅၇ဝဝ အား ထပ်မံချ ထားခဲ့ ကြောင်းနှင့် ၎င်းဆန္ဒပြမှု များတွင် ရှပ်ဝါ အဖွဲ့အား ထောက်ခံ သူများလည်း ပါဝင်ကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယို ကပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။


http://myawady.net.mm/all-news/international-news/2012-11-26-08-27-54

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ


ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ယင်လပ်ရှီနာ ဝပ်ထရာ၏ အစိုးရ အဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒပြမှု များ၌ ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွား ခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူ ဒါဇင်ပေါင်း များစွာအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ
ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြားခဲ့သည်ဟု AFP သတင်း တစ်ရပ် အရ သိရှိရပါသည်။ အဆိုပါ ဆန္ဒပြ အဖွဲ့ဖြစ်သည့် Pitak Siam အဖွဲ့အား ထိန်းသိမ်းရန် အတွက် ဘန်ကောက် မြို့၏ခရိုင် ၃ ခုတွင် ရဲတပ်ဖွဲ့ဝင် ၁၇,ဝဝဝ ခန့် ဖြန့်ကြက် ချထားခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့ လည်ပိုင်းတွင် ဆန္ဒပြသူ ၁၂,ဝဝဝ ခန့်ရှိကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယို က ပြောကြား ခဲ့ပါသည်။ Pitak Siam အဖွဲ့နှင့် ဆန္ဒပြသူများသည် လက်ရှိ အစိုးရအား ဖြုတ်ချသွားမည်ဟု ကတိပြု ခဲ့ကြ ကြောင်း ၎င်းဆန္ဒပြ အဖွဲ့ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟောင်း ဆွန်လက် ကောပရာဆစ် က ပြောကြား ခဲ့ပါသည်။


အဆိုပါ ဆန္ဒပြသူများမှ...အဖွဲ့တစ်ဖွဲ့သည် ၎င်းတို့ ဆန္ဒပြရာ နေရာအနီးရှိ ကုလသမဂ္ဂ အဆောက် အဦ၏ ရှေ့တွင် တားဆီးထားသော သံဆူးကြိုးများနှင့် အတားအဆီးများကို ဖယ်ရှားရန် ကြိုးပမ်း မှုကြောင့် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ် ခဲ့ကြောင်းနှင့် ဆန္ဒပြသူ များသည် သတ်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်း များအား လိုက်နာမှု မရှိသောကြောင့် ၎င်းနေရာ တစ်ခုတည်း တွင်သာ မျက်ရည်ယို ဗုံးများကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယိုက ပြောကြား ခဲ့ပါသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၁ဝဝ ခန့်ထံမှ ဓားများနှင့် ကျည်ဆံများ သိမ်းဆည်း ရမိခဲ့ပြီးနောက် ၎င်းတို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထိုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် ၅၇ဝဝ အား ထပ်မံချ ထားခဲ့ ကြောင်းနှင့် ၎င်းဆန္ဒပြမှု များတွင် ရှပ်ဝါ အဖွဲ့အား ထောက်ခံ သူများလည်း ပါဝင်ကြောင်း ရဲဗိုလ်ချုပ် ပီယာယူသာယို ကပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။
 
မြ၀တီ

No comments:

Post a Comment