Friday, November 23, 2012

ကျောင်းကုန်းရဲနှင့် ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းခံရမှု အရှုပ်တော်ပုံ


ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ တွင် ပြည့်တန်ဆာ အဖြစ် အဓမ္မ စေခိုင်း ခံရမှုအား ILOသို့ တိုင်ကြား ခဲ့ပြီး နောက် ကူညီတိုင်ကြားသူ များ အား ကျောင်းကုန်း ရဲမှ ပြန် လည် တရားစွဲ ဆို ထားပြီး ပြည့်တန် ဆာ အဓမ္မအဖြစ် စေခိုင်းခံရသူ ကာယကံရှင် မိန်းမပျိုမှ ILO သို့ တိုင်ကြားရာတွင် ကူညီသူ ၃ ဦးမှ မဟုတ်မမှန် ထွက်ဆို
ခိုင်းခြင်း ဖြစ်ကြောင်း ကျောင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းတွင် ထွက် ဆိုခဲ့ခြင်းဖြင့် ယင်းအမှုမှာ အရှုပ်တော် ပုံ ဇာတ်လမ်းတစ်ခု အသွင်ဖြစ်နေ ကြောင်း စုံစမ်းသိရသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် နေ့က ကျောင်းကုန်းမြို့ နယ်မြေ ၁၂ တွင် နေထိုင်သူ မညိုဇင်ဌေးသည် ILO နှင့် ချိတ်ဆက်၍ ကူညီဆောင် ရွက်ပေးနေသော မိမိတို့ ကျောင်းကုန်း အဖွဲ့သို့ လာရောက်တွေ့ဆုံပြီး ၄င်း၏ ဖြစ်စဉ်များကို ဖွင့်ဟဝန်ခံခဲ့ကြောင်း၊ ထိုသို့ ဖွင့်ဟပြောဆိုရာတွင် ၄င်းသည် ၂၀၁၁-၁၂ ပညာသင်နှစ်တွင် ၁၀တန်း ကို ပြင်ပမှ ဖြေဆိုရန် ပညာရေး ဘော်ဒါဆောင်တွင် စာသင်နေသည့် ကျောင်းသူ တစ်ဦးဖြစ်ကြောင်း၊ ၄င်းအား အဒေါ်ဖြစ်သူ ဒေါ်ရီရီချိုက ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ အဓမ္မပြည့်တန်ဆာ လုပ်ခိုင်းခဲ့ကြောင်း၊ ဒေါ်ရီရီချိုမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် နေသည့် အတွက် ကျောင်းကုန်းမြို့ နယ်ရဲစခန်း အား ဆက်ကြေးပေးခဲ့ရာတွင်လည်း ၄င်းအားဆက်ကြေးအဖြစ်ပေးခဲ့ကြောင်း၊ စခန်းမှူး သိန်းဇော် အပါအဝင် တစ်စခန်း လုံးနီးပါး ရဲဝန်ထမ်းများနှင့် ဆက်ဆံ နေထိုင် ခဲ့ရကြောင်း ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ပြည့်တန်ဆာဘဝမှ လွတ် မြောက်ရန် အတွက် ဖခင်၏ ညီဖြစ်သူ ဦးလေး နေအိမ်သို့ ထွက်ပြေးခဲ့ကြောင်း သို့ဖြစ်၍ညဉ်းပန်းနှိပ်စက် အဓမ္မပြည့် တန်ဆာ လုပ်ခိုင်းနေရသူ များအား အရေး ယူ ဆောင်ရွက်နိုင်ရန်အတွက် အကူအညီပေးပါရန် တောင်းခံခဲ့ကြောင်း ILO သို့တိုင်ကြားစာတွင် ဖော်ပြပါရှိ သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မညိုဇင်ဌေး ကိုယ်တိုင်ဆန္ဒအလျောက် လက်မှတ်ရေးထိုးထားသည့် တိုင်စာနှင့် အတူ ညိုဇင်ဌေးအား ဥပဒေအရ အကာအကွယ်ရရှိနိုင်ရန်နှင့် ပြစ်မှူကျူး လွန်သူများအား ဥပဒေအရ အရေးယူ ပေးနိုင်ရန်ILO အရာရှိ Mr. Steve Marshall သို့ လိပ်မူတိုင်ကြားခဲ့ရာတွင် ILO မှ နစ်နာသူ မညိုဇင်ဌေး၏ ကိုယ် တိုင် ထွက်ဆိုချက်များအား မှတ်တမ်း တင်ထားပြီး အမှုအားလက်ခံထားခဲ့ ကြောင်း ဧပြီလ ၂၆ ရက်နေ့တွင် ညိုဇင်ဌေးကိုယ်တိုင်DVB သတင်း ဌာနနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ ကြောင်း၊ ယင်းဖြစ်စဉ်တွင် ILO နှင့် ချိတ်ဆက် ကူညီပေးခဲ့သူတစ်ဦး ဖြစ် သည့် မသန္တာစိန်က ပြောသည်။
ယင်းဖြစ်စဉ်တွင် ကူညီခဲ့သူ ကိုဇော် မျိုးထိုက်၊ ဒေါ်ပုနှင့် မသန္တာစိန် တို့အား ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်သိန်း ဇော်မှ တရားလိုပြုလုပ်၍ အသေရေ ဖျက်မှု ပုဒ်မ (၅၀ဝ)ဖြင့် တရားစွဲဆိုထား ကြောင်းတရားစွဲဆိုခံနေရသူ မသန္တာစိန် က ဆိုသည်။ ILO နှင့် ချိတ်ဆက်၍ ကူညီတိုင် ကြားပေး ခဲ့သူ ၃ ဦး စက်တင်ဘာ ၂၁ ရက်တွင် ရဲများကို ဂုဏ်သရေကျဆင်း စေမှု၊ ပျက်စေမှုဖြင့် တရား စွဲဆိုခြင်း ဖြစ်ကြောင်း၊DVB သတင်းဌာနတွင် “အတင်းအဓမ္မပြည့်တန်ဆာ လုပ်ခိုင်း ဆိုသည့် သတင်းနှင့် ပတ်သက်၍ အဖြစ်မှန်” ခေါင်းစဉ်အောက်တွင် မညိုဇင်ဌေ က ပြောကြားချက်များသည် နောက်ကွယ်မှ ယင်း ၃ ဦးက ခိုင်းခြင်း ဖြစ်ကြောင်းကို ညိုဇင်ဌေးကိုယ်တိုင် ရပ်ရွာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် ပြီး ဖွင့်ဟဝန်ခံခဲ့ကြောင်း၊ ကျောင်းကုန်း မြို့နယ် စခန်းမှူးရဲအုပ် သိန်းဇော် (တရားလို) က ပြောသည်။ “ညိုဇင်ဌေးက ဆက်သွယ်လို့ မရဘူး၊ ဘယ်ရောက်နေမှန်း မသိပါဘူး၊ တင်မောင်ထွေး မိဘအုပ်ထိန်းမှုအောက်မှာ ရှိတယ်နဲ့ တူတယ်၊ တရားစွဲတာက ညိုဇင်ဌေး မဟုတ်ပါဘူး” ဟု ၄င်းက ပြောသည်။
ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးသိန်း ထွန်းကမူ အဆိုပါကိစ္စနှင့် ပတ်သက်၍ ခရေစေ့တွင်းကျ မသိသော်လည်း ညို ဇင်ဌေး ကိုယ်တိုင် ရုံးသို့ လာရောက်ပြီး ဖွင့်ဟ ပြောဆိုခဲ့သဖြင့် အမျိုးသမီးရေး ရာ အဖွဲ့ကို ခေါ်၍ မှတ်တမ်းမှတ်ရာ များ လုပ်ပေးခဲ့ကြောင်း၊ ညိုဇင်ဌေးမှာ ယခုအခါတွင် မည်သည့်နေရာကို ရောက်ရှိနေသည်ကို မသိရ၍ မိမိအနေ ဖြင့် လိုက်လံစုံစမ်းနေကြောင်း ပြော သည်။
“ကလေးမလေးက ဘယ်သွားရ မှန်း မသိဘူး၊ ဇော်မျိုးထိုက်တို့ အဖွဲ့က ကိုယ်သာရင်ပြီးရော လုပ်နေတာ၊ ကလေးမလေးကိုILO ရုံးမှာ စာရေး တစ်နေရာစာ ပေးမယ်ဆိုပြီး သူတို့ ပြောတဲ့အတိုင်း ထွက်ဆိုခိုင်းလို့ဆိုပြီး လာပြောသွားတာပါ”ဟု ၄င်းက ဆက် လက်ပြောသည်။
“ဤနားလည်မှုအရ တင်သွင်း သော တိုင်ကြားချက်များသည် တိုင် ကြားသူ၊ ယင်းတို့၏ ကိုယ်စားလှယ် သို့မဟုတ် အခြားသက်ဆိုင်ရာ ပုဂ္ဂိုလ် ကိုမဆို တိုင်ကြားချက်ကို အတည်ပြု သည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဤနား လည်မှု စာချွန်လွှာပါ အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ကာလအတွင်းဖြစ်စေ၊ ယင်း ကာလပြီးဆုံးပြီးနောက် ဖြစ်စေ တရား စွဲဆိုခြင်း၊ သို့မဟုတ် လက်တုံ့ပြန်မှု ပြုလုပ်ရန်အတွက် အကြောင်းအရင်း တစ်ရပ်မဖြစ်စေရ”ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာ အဖွဲ့ရုံးတို့အကြေား နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာ ၉ တွင် ဖော်ပြ ပါရှိသည်။

Susan
THE PUBLIC IMAGE

No comments:

Post a Comment