Saturday, November 17, 2012

သမ္မတဦးသိန်းစိန် အာဆီယံအစည်းအဝေးတက်ရန် ဖနွမ်းပင်သို့ ရောက်ရှိ

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် (၂၁)ကြိမ်မြောက်အာဆီယံအစည်း အဝေးတက်ရောက်ရန်အတွက်ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Hotel Cambodiana သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် ရောက်ရှိလာကြောင်း ဖနွမ်းပင်အာဆီယံအစည်းအဝေးတွင်
သတင်းသွားယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


မူလအစီအစဉ်တွင် သမ္မတကြီးသည် ဖနွမ်းပင် ဆိုဖီတယ်ဟိုတယ်တွင် ယခုကျင်းပလျက်ရှိသော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဟု အစီအစဉ်တွင် ဖော်ပြထားသော်လည်း ယခုလတ်တလောစုံစမ်းထားချက်များအရ သမ္မတကြီးမှာ ယင်းအစည်းအဝေးတွင် မိန့်ခွန်းပြောကြားတော့မည်မဟုတ်ကြောင်း အာဆီယံအစည်းအဝေးသတင်းထုတ်ပြန်ချက်များအရ သိရသည်။

သမ္မတကြီးနှင့်အတူ အစိုးရအဖွဲ့ဝင်ကိုယ်စားလှယ်များ၊ ပြည်တွင်းသတင်းဂျာနယ် ၂စောင်ဖြစ်သော 7 day News ဂျာနယ်နှင့် Popular News ဂျာနယ်တို့လည်း လိုက်ပါလာသည်ကို တွေ့ရသည်။


http://sphotos-g.ak.fbcdn.net/hphotos-ak-ash3/550813_563613900321076_418209239_n.jpg

No comments:

Post a Comment