Thursday, November 8, 2012

အိုဘားမားအနိုင်ရရှိမှုက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုခိုင်မာ လာစေနိုင်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲကို တွန်းအားပေးခဲ့သည့် အမေရိကန်သမ္မတ ဘာရက် အို ဘားမား သည် သူ၏ ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ဆက်လက်ထမ်းဆောင် မည်ဖြစ် ရာ မြန် မာနိုင်ငံရေးပြောင်းလဲမှု သည် ပိုမိုခိုင်မာပြီး နောက်ကြောင်း ပြန်လှည့်နိုင် မည့် အနေအထားဖြစ် လာ နိုင်ဖွယ်မရှိဟုသုံးသပ်သူများက ဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် အမေရိကန် ပြည်ထောင်စု၏ သမ္မတ ပြန်လည်ရွေးချယ်ပွဲတွင် ရီပတ်ဘလီကန် သမ္မတလောင်း မစ်ရွမ်နေကို မဲအသာ စီးရပြီး ဒုတိယသက်တမ်း ပြန်လည်ထမ်းဆောင် ခွင့်ရခဲ့ သည့် အိုဘားမား သည် မြန်မာနိုင်ငံသို့ ယခုလလယ် အတွင်း လာရောက်လည် ပတ် မည် ဟုလည်း သတင်း များ ထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့် အမေရိကန်သမ္မတ အိုဘားမား၏ သမ္မတသက်တမ်းဒုတိယ အကြိမ် စတင်တာဝန် ထမ်းဆောင် ချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင် ကူးပြောင်းနေခြင်းကို ထပ်မံအားပေးမှု များရရှိလာနိုင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် က ပြောဆိုလိုက်သည်။

"လက်ရှိထက်ပိုပြီးထူးခြားတဲ့ နိုင်ငံရေးဖြစ်စဉ်တော့ ဖြစ်ပေါ်လာမှာမဟုတ်ဘူး။ ဒါပေမယ့် နောက်ပြန် ဆုတ် မသွား အောင်တော့ သူကအများကြီး ကူညီပေး နိုင်လိမ့်မယ်"ဟု ဦးဝင်းတင်က ပြောသည်။

လူဖြူအများစုထောက်ခံသည့် ရီပတ်ဘလီကန်ပါတီမှ မစ်ရွမ်နေနှင့် လူမျိုးစုံ၊ ဘာသာမျိုးစုံ၊ လူတန်း စားပေါင်း စုံ ထောက်ခံသည့် ဒီမိုကရက်တစ်ပါတီမှ ဘာရက်အိုဘားမားတို့၏ ယှဉ်ပြိုင်မှုတွင် မဲအပြတ် အ သတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း မဟုတ်ပေ။

"အိုဘားမားအနိုင်ရခဲ့တဲ့ ဒီမိုကရက် တစ်ပါတီကတော့ လူပေါင်းစုံပါပြီးတော့ ဒီမိုကရေစီလမ်းစဉ်ကိုလည်း အားပေး တယ်။ ရီပတ်ဘလီကန်ကတော့ လူဖြူ တွေ၊ ကွန်ဆာဗေးတစ်တွေ ပါတယ်။ဒီတော့ မစ်ရွမ်နေ ထက် အိုဘားမားနိုင် တာက မြန်မာနိုင်ငံအတွက် ပိုကောင်း တယ်လို့ ပြောလို့ရတယ်"ဟု ဦးဝင်းတင် က ပြောသည်။

"မစ်ရွမ်နေသာနိုင်ရင် အရှေ့တိုင်း နိုင်ငံတွေအတွက် သိပ်အားကိုးလို့ ရနိုင်မယ်မထင်ဘူး။ ဒါပေမယ့်အခု အိုဘားမားနိုင်တဲ့အတွက် ရှေ့အမေ ရိကန်နိုင်ငံရဲ့ နိုင်ငံရေးကတော့ ပိုကောင်း သွားမယ်လို့
ထင် တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ဘာရက်အိုဘားမားသာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဆိုပါက မြန်မာ့နိုင်ငံရေး ပိုမိုခိုင်မာစေမည့် အလားအလာရှိကြောင်းလည်း ဦးဝင်း တင်က ဖြည့်စွက်ပြောသည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲသည် တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြသည့် ရွေးကောက်ပွဲ တစ်ခုဖြစ် ကာ နိုင်ငံအများစုသည် နိုင်ငံရေးအရသော် လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်းအမေရိ ကန်ပြည်ထောင် စုနှင့် ပတ်သက်ဆက်နွှယ်နေမှု ရှိနေခြင်း ကြောင့်လည်း ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း သမ္မတအိုဘားမား၏ ပထမအကြိမ် သက်တမ်းအတွင်း နိုင် ငံေ ရးပြုပြင် ပြောင်း  လဲရေးအတွက်များစွာထောက်ခံ အားပေးမှုများရှိခဲ့သကဲ့သို့ ယင်းနှင့် ဆက် စပ်ပြီးပိတ် ဆို့ ထား ခဲ့ သည့် စီးပွား ရေးလုပ်ငန်းလမ်းကြောင်းများကို ပြန် လည် ဖွင့်လှစ်ပေးခဲ့သည်။

ယင်းအကျိုးဆက်ကြောင့် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံသည် စီးပွားရေးကဏ္ဍနှင့်ပတ်သက်ပြီးလည်း ဆက်နွယ်မှုရှိနေသည်။

"အခုအိုဘားမားထပ်နိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ပိုကောင်းလာမယ်လို့ ယူဆ တယ်။ သူက အစောပိုင်းကတည်းက၊မြန်မာ့ဒီ မိုကရေစီ ပြောင်းလဲရေးကို ထောက်ခံ တဲ့သူ တစ်ယောက်ပါ။ သူ့ လက် ထက် မှာပဲ စီးပွားရေးပိတ်ဆို့ထားတာတွေ ပြန်ဖွင့်ပေးခဲ့တယ်။ တကယ် လို့မြန်မာနိုင်ငံကို ဒီလ ထဲမှာ လာဖြစ်ခဲ့မယ်ဆိုရင် သူနဲ့အတူ စီးပွားရေး လုပ်ငန်းရှင်တွေလည်းပါလာမှာပဲ။ ဒီတော့ မြန် မာနိုင်ငံစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်လို့ ရနိုင်တယ်"ဟု စီးပွားရေး လုပ်ငန်း ရှင် တစ်ဦး ဖြစ်သူ ဦးမြတ် သင်းအောင်က သုံးသပ်သည်။

မြန်မာနိုင်ငံတွင် လတ်တလောအနေအထား၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေကိုလည်း ပြဋ္ဌာန်း
လိုက် ရာ ပြည်တွင်း၌ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချရန် အစီအစဉ်ရှိသည့် ပြည်ပလုပ်ငန်းရှင်
များအတွက်များစွာ စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် နည်းပညာပိုင်းကောင်းမွန်သော
အမေ ရိ ကန် စီးပွားရေးလုပ်ငန်းရှင်များသာ သမ္မတအိုဘားမားနှင့်အတူ ပါဝင်လာပါက ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းသစ်များ ပိုမိုဝင်ရောက်လာဖွယ်ရှိသည်ဟု ၎င်းက ပြောကြားသည်။

"ဥပမာ အိုင်ဖုန်းတို့၊အိုင်ပက်တို့ ထုတ်လုပ်တဲ့ ကုမ္ပဏီမျိုးပေါ့။ အခုလည်း တရုတ်မှာထုတ်နေတာပဲ။
လုပ်အား ခက သက်သာတယ်။ မြန်မာပြည်မှာသာလာတည်မယ်ဆိုရင် ဒီကပို့တဲ့ကုန်တွေက အခွန် ကင်း ခွင့်ရတယ်။ လုပ်သားခလည်း ဈေးချိုမယ်ဆိုရင် သူတို့လာကြမှာပဲ"ဟု ဦးမြတ်သင်းအောင် ကပြောသည်။

ယခုကာလတွင် အမေရိကန်နိုင်ငံသို့ တင်ပို့နေသော ပို့ကုန်များကို အခွန် ကင်းလွတ်ခွင့်ပေး ထားေ သာကြောင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများက ပြည်တွင်း ဈေးကွက်ကို မထိခိုက်ဘဲ ထုတ်လုပ်မှုကို
သာ ဦး စားပေးပြီး မြန်မာနိုင်ငံမှတစ်ဆင့် ပြည်ပပြန်တင်ပို့နိုင်သည့် ဈေးကွက်ကို ထိုးဖောက်လာ ဖွယ် ရှိကြောင်းလည်း ဆိုသည်။

"အိုဘားမားနဲ့အတူ အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် တွေပါလာဖို့ မျှော်လင့်တယ်" ဟု ၎င်းကဆိုသည်။

နိုင်ငံရေးနှင့် စီးပွားရေးတွင် အိုဘားမား သက်တမ်းထပ်တိုးခြင်းနှင့် ပတ်သက်ပြီး အကောင်းမြင်ပြော ဆိုမှုများရှိနေ သကဲ့သို့ ရှေ့အလားအလာကို ထပ်မံစောင့် ကြည့်ဖို့ လိုသေးကြောင်းလည်း အိုးပင်း သတင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။

"အိုဘားမားကြောင့်တော့ မြန်မာ့ နိုင်ငံရေး ပိုပြီးထူးခြားသွားမယ်လို့တော့ မမြင်ဘူး။ အပြောင်း အ လဲကြီးကြီးတော့ ဖြစ်မှာမဟုတ်ဘူး။ မြန်မာနိုင်ငံကို သူလာမယ်ဆိုရင်တော့ အများအာရုံ စိုက်မှုက
တော့ရမှာပဲ" ဟု ၎င်းကပြော သည်။
 

No comments:

Post a Comment