Friday, November 9, 2012

“ ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့ ”


နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊  ထားဝယ်
ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး၁၅၀ခန့်တင်ဆောင်လာသော   ကွန်တိ
န်နာသင်္ဘောတစ်စီး ၀င်ရောက်လာခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသ ကြီး အစိုးရအဖွဲ့ထံမှသိရသည်။

ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာစကားပြောတတ်သူသုံးဦးခန့် သာပါ ၀င်ကြောင်း သိရသည်။ ၄င်းတို့သင်္ဘောအနေဖြင့်မလေးရှားနိုင်ငံသို့သွားစဉ် မြန်မာရေပိုင်နက် အတွင်းလမ်းမှား ၀င်ရောက်လာခြင်းဖြစ်ကြောင်းပြောခဲ့သည်ဟုသိရသည်။

တပ်မတော်(ရေ) မှအဆိုပါသင်္ဘောကိုရိက္ခာများဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်းယခုကဲ့သို့ ထပ်မံဝင်ရောက်ခြင်းမပြုရန် သတိပေးကာ နိုင်ငံတကာရေပိုင်နက်အတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအဖွဲ့မှာတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသောစက်လှေ တစ်စီး သည် ကော့သောင်းမြို့ သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ)မှနိုင်ငံတကာရေပိုင်နက် သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ ရကြောင်း သိရသည်။
 


 
 
 
 
 
 
 
 
 
 
 
 
 
မိုးငယ်
Popular Myanmar News Journal

No comments:

Post a Comment