Friday, November 9, 2012

ကားပေါ်မှ လူလေးဦးအား အုပ်စုဖွဲ့၍ အကြမ်းဖက်သူများအနက် နှစ်ဦးကို ဖမ်းမိ

 
ကမာရွတ်မြို့နယ် အင်းစိန်လမ်းပေါ်ရှိ စံရိပ်ငြိမ် ၃ လမ်းထိပ်တွင် ညသန်းခေါင်အချိန်၌ မတ်ခ်တူးယာဉ် တစ်စီးအား ရှေ့နောက် ယာဉ်နှစ်စီးပိတ်ရပ်၍ အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့သူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီအချိန်တွင် စံရိပ်ငြိမ် ၃ လမ်းထိပ် လမ်းပေါ်၌ မောင်းနှင်နေသော မတ်ခ်တူးယာဉ်အား အမည်မသိ အနက်ရောင်စတစ်ကာကပ်ထားသော ယာဉ်နှစ်စီးက ရှေ့နောက်ပိတ်ရပ်၍ မတ်ခ်တူးကားပေါ်မှ လူလေးဦးအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မတ်ခ်တူးကားပေါ်ပါ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးအား အမည်မသိယာဉ်ပေါ်မှ လူခုနစ်ဦးက ၀ိုင်းဝန်းထိုးကြိတ်၍ ဆဲဆိုခဲ့ပြီး ကားမှန်များကိုလည်း သံတုတ်၊ သစ်သားတုတ်တို့ဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့သည်။ အဆိုပါ တရားခံခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီးထားပြီဟုဆိုသည်။

7 Day News Journal 
 

No comments:

Post a Comment