Tuesday, November 6, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသား များစုပေါင်း၍ ရခိုင်အရေးအတွက်ကြေ ညာချက် တစ်စောင် ထုတ်ပြန်မည်

ရခိုင်အရေး သည်ပြည် ထောင် စုအရေးဖြစ်သည့် အတွက်ဒေါ်အောင်ဆန်းစုကြည် ကတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များစုပေါင်းကာ ရခိုင် အရေးအတွက်ကြေညာ ချက်တစ် စောင် ကိုနိုဝင်ဘာ (၇)ရက်နေ့ တွင်ထုတ်ပြန်သွား မည် ဖြစ် ကြောင်း နိုဝင်ဘာ (၅)ရက်နေ့ တွင်ပြု လုပ်သည့် တိုင်းရင်းသား လွှတ်တော် ကိုယ် စားလှယ်များနှင့်ဒေါ် အောင်ဆန်းစုကြည် တို့တွေ့ဆုံပွဲတွင် ဆုံး ဖြတ်ခဲ့ကြောင်း သိ ရ သည်။

အဆိုပါကြေညာချက်ကို နိုဝင်ဘာ(၆)ရက်နေ့တွင် တိုင်းရင်းသား ပါတီမှလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ၍ ကြေညာချက် တစ်စောင်ထုတ်ပြန်သွား မည်ဖြစ်သည်။

''ရခိုင်တိုင်းရင်းသားအရေး ဟာပြည် ထောင်စုအရေးဖြစ်တဲ့အတွက် တိုင်းရင်း သားအားလုံး ကူညီစောင့်ရှောက် ကြဖို့လို အပ်တယ်လို့ ဒေါ်စုကပြောတယ်။နိုင်ငံတ ကာကလှူဒါန်းမှုတွေမှာ တန်းတူ ဖြစ်စေ ချင်တယ်လို့ပြောတယ်။အနောက် တံခါး ခိုင်မာဖို့အရေးကြီးတဲ့အတွက် မြန် မာအစိုးရမှာ တင်တာဝန်ရှိတာမဟုတ်ဘူး ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း တာဝန် ယူရ မယ်လို့ပြော တယ်။ ပြည်ထောင်စု အရေး ဖြစ်လို့ တိုင်းရင်းသားတွေ အားလုံးဆွေး နွေးကြပါလို့ပြောတော့ တိုင်းရင်းသား တွေ တော်တော် များများ ဆွေးနွေးကြတယ်။ဒေါ်စုဦးဆောင်ပြီး တိုင်းရင်းသားပါတီ တွေက တစ်ဦးစီနဲ့ ကြေညာချက် တစ်စောင် မနက်ဖြန်ရေးမယ်။ပြီးရင်ဗုဒဟူးနေ့မှာ ထုတ်ပြန်မယ်လို့ ဒီနေ့မှာဆုံးဖြတ်ကြ တယ်'' ဟုအဆိုပါတွေ့ဆုံပွဲတွင် တက်ရောက် ခဲ့သည့် ရခိုင်တိုင်းရင်းသူပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဒေါ်ခင်စောဝေ ကဆို သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးဝင်းမြင့်က ''ဒီနေ့ဆွေးနွေး ပွဲမှာ ရခိုင်အရေးကိုအဓိကထားဆွေးနွေး သွားတယ်။ ကြေညာချက်ထုတ်ပြန် မယ်ဆိုတာ ဟုတ်ပါတယ်။ အကြမ်းဖျဉ်း အားဖြင့်တော့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့အားလုံ လက်ခံနိုင်တဲ့ အဖြေတစ်ခုရရှိရေး ဒါတွေ ပါဝင်မယ်လို့တော့ ပြောလို့ရ တယ်။ ရခိုင် ပြည်နယ်မှာ တည်ငြိမ်အေးချမ်း ဖို့နဲ့တ ရားဥပဒေ ကိုလိုက်နာကြဖို့ လည်းပါမယ်။ တိုင်းရင်း သားကိုယ်စားလှယ်တွေနဲ့တိုင် ပင်ပြီးရေး သွားမယ်။'' ဟုဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဥက္ကဌနှင့်တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံပွဲကို စတုတ္တ အကြိမ်လွှတ်တော် ပုံမှန် အစည်းအ ဝေးတွင် စတင်ကာနှစ်ပတ် တစ်ကြိမ်တနင်္လာနေ့ည နေတွင် လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုရာ စည်ပင်ဧည့်ရိပ်သာအစည်း အ ဝေးခန်း မတွင်ပြုလုပ်ခဲ့ပြီး ယခု အကြိမ်သည် ပဉ္စမအကြိမ် လွှတ်တော်ပုံမှန် အစည်း အဝေးကျင်းပစဉ်ကာလအတွင်း ပထမ ဆုံးတွေ့ ဆုံခြင်း ဖြစ်ပြီး အခြားတိုင်း ရင်းသားကိစ္စရပ်များထက်ရခိုင်တိုင်းရင်း သားအရေးကို အဓိကဦးစားပေး ဆွေး နွေးခဲ့ကြ ကြောင်းသိရသည်။
ထိုတွေ့ဆုံ ပွဲတွင် တိုင်းရင်းသားပါတီအသီးသီးမှ ကိုယ်စားလှယ်(၄၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရ သည်။
Yangon Media Group
 

No comments:

Post a Comment