Wednesday, November 21, 2012

ဒုက္ခသည်များ ပြန်ယူရန် ဘင်္ဂလားဒေ့ရှ်က မြန်မာ သံအမတ်ကြီးထုတ်ဖော်ကိုပြောဆို


မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်ယူဖို့ ဘင်္ဂလာဒေခ်ျ့  အာဏာပိုင်တွေက မြန်မာ သံအမတ်ကြီးကို မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဆိုင်ဒါမူဒါ တာဆနိမ်နဲ့ မနေ့
က နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံစဉ် ခုလို ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံက နော်ယာပါရာနဲ့ ကူတို့ပလောင် ဒုက္ခသည် စခန်းတွေမှာ ယူအန် အသိအမှတ်ပြု မြန်မာ နိုင်ငံက မွတ်ဆလင် ဒုက္ခသည် ၂၉၀၀၀ ရှိတဲ့ အထဲက ၂၄၁၅ ဦးကို မြန်မာဘက်က ပြန်ယူဖို့ သဘောတူ ထားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီအထဲက မိသားစု (၁၀) စုကတော့ မိမိဆန္ဒနဲ့ အညီ မြန်မာပြည်ကို ပြန်မယ်လို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။
လာမယ့် UNHCR နဲ့ ပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာကို ဘင်္ဂလာဒေခ်ျ့က ထောက်ခံသွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလာဒေခ်ျ့ အနေနဲ့ အိုအိုင်စီနဲ့ ယူအန် လူ့အခွင့်အရေး ကောင်စီ ( UNHRC) မှာလည်း မူအားဖြင့် ထောက်ခံမူ ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ အနေနဲ့ စီးပွားရေးကို မြင့်တင် လုပ်ဆောင်သွားဖို့ ဘင်္ဂလာဒေခ်ျ့ဘက်က မနေ့က တွေ့ဆုံပွဲမှာ ပြောတယ်လို့ သိရပါတယ်။
မြန်မာ သံအမတ်ကြီးကလည်း မြန်မာ အစိုးရ အနေနဲ့လည်း ပြန်လည် လက်ခံယူရေး အစီအစဉ်ကို ပြန်စနိုင်အောင် ကြိုးစားနေတယ်လို့ ပြောဆိုပါတယ်။
အခုအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး သူတို့ဟာ  မြန်မာနိုင်ငံသားလား၊ ဘင်္ဂလားဒေခ်ျ့ နိုင်ငံကလာတာလား စသဖြင့် မေးခွန်းတွေနဲ့ အတူ နိုင်ငံသား ဖြစ်ရေး၊ မဖြစ်ရေးနဲ့ စတဲ့ ငြင်းခုံမူတွေ ဖြစ်ပေါ်နေချိန်မှာ ဘင်္ဂလာဒေခ်ျ့ဘက်ကလည်း သူတို့ နိုင်ငံထဲ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ မြန်မာကို ပြန်လည်ပို့ ဆောင်နိုင်ရေးကို တွန်းအားပေး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

နိရဉ္စရာသတင်းဌာန

No comments:

Post a Comment