Wednesday, November 7, 2012

ယာဉ်ထိန်းရဲအယောင်ဆောင်ငွေတောင်းခံမှု



၎.၁၁.၂ဝ၁၂ ရက်နေ့ (၁၈၁၅)အချိန် မြို့တော်ဂေါက်ကွင်းအနီး၊    လေဆိပ်
လမ်းပေါ် တွင် ယာဉ်ထိန်းရဲ ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦး မှ မော်တော်ယာဉ်များအား တားဆီးစစ်ဆေးနေကြောင်း သတင်းရရှိသဖြ
င့် သွားရောက်စစ်ဆေးရာ (ရင်နံပါတ် ၂ဝ၄၂) တပ်ဆင်ထားသည့် ယာဉ်ထိန်း ယူနီဖောင်း
အကျီဖြူ နှင့် နက်ပြာရောင် ဘောင်းဘီဝတ်ဆင်လျက် ဇော်သန်းဦး၊ ၃၈ နှစ်၊ (ဘ)ဦးတင်ရီအား ၎င်းဝတ်ဆင်ထားသော ယူနီဖောင်း ဘောင်းဘီအတွင်းမှ
တောင်းခံရရှိထားသောငွေ ၄ဝဝဝိ/- နှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းပြီး မရမ်းကုန်းရဲစခန်း (ပ)၆၂၁/၂ဝ၁၂၊ ပုဒ်မ ၁၇ဝ ဖြင့် အရေးယူထားရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း ထိုကဲ့သို့ ယာဉ်ထိန်းရဲ အယောင်ဆောင် ငွေတောင်းခံခြင်း များအား ပြည်သူများမှ မကြာခဏ လာရောက်တိုင်တန်း သတင်းပေးသဖြင့် ရဲတပ်ဖွဲ့အနေဖြင့် လှည့်ကင်း များဖြင့်လည်းကောင်း၊ အရပ်ဝတ်ဖြင့်လည်းကောင်း အသွင်ယူ၍စောင့်ကြည့်
စုံစမ်းခြင်း များ ပြုလုပ်လျက်ရှိ ကြောင်းသတင်း ရရှိပါသည်။

Myanmar Police Force

No comments:

Post a Comment