Wednesday, November 7, 2012

ဒီတိုနေတာ(ကပ်သီး)ချောင်း (၉၈၀၀)ဖမ်းဆီးရမိမှု

၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ်စိုးစိုးနှင့် အဖွဲ့သည် သတင်းအရ  မန္တလေး-
ပြင်ဦးလွင်  ကားလမ်းနှင့်     ရေတံခွန်
တောင်သွား        ကားလမ်းဆုံတွင်
  တင်အောင်မိုးမောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့
လိုက်ပါလာသော ၇ဃ/၇ဝ၆၈ လိုက်ထရပ် ခဲရောင်ယာဉ်နှင့် ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိနေသောမရီရီဝင်းနှင့် မသန်းထွေးတို့(၂)ဦးအား စစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှ ဆာလာအိတ်(၂)အိတ်ဖြင့် ထည့်ထားသော တရားမဝင် ဒီတိုနေတာ(ကပ်သီး)ချောင်း ၉၈ဝဝ(တန်ဘိုး ၁ခုလျင် ၁ဝဝိ/- ကျပ်နှုန်း ၉၈ဝဝဝဝိ/-) အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိသောဒီတိုနေတာ(ကပ်သီး)များကိုပုသိမ်ကြီးမြို့နယ်၊ ထုံးဘို
ကျေးရွာ ကိုဆန်း(ခ)ဆန်းမြင့်ဦး၏ နေအိမ်အတွင်းမှသယ်ဆောင်လာကြောင်း
တွေ့ရှိရ၍ သက်သေများနှင့်အတူကိုဆန်း၏နေအိမ်အားဆက်လက် ရှာဖွေရာ ဒီတိုနေတာများ မတွေ့ရှိ သော်လည်းကိုဆန်း(ခ) ဆန်းမြင့်ဦးမှာထွက်ပြေး
တိမ်းရှောင်သွားခဲ့ပါသည်။

တင်အောင်မိုးပါ တရားခံ ၆ဦးအားပုသိမ်ကြီးရဲစခန်း(ပ)၂၂၄/၂ဝ၁၂ ပေါက်ကွဲ
စေတတ်သောဝတထုပစစည်းများအက်ဥပဒေပုဒ်မ ၅ အရအမှုဖွင့် အရေးယူ
လျှက်ရှိပါကြောင်း သိရသည်။

Myanmar Police Force

No comments:

Post a Comment