Monday, November 26, 2012

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီပာု နိုင်ငံတော်သမ္မတ မှတ်ချက်ပြု

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတသို့ လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့ရာတွင် သမ္မတက အဆိုပါဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွှတ်ခြင်း မရှိကြောင်းနှင့် အာဏာသုံးရပ်တို့ကို တက်နိုင်သမျှပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပာူသော ဒီမိုကရေစီကျင့်သုံးမှုအပေါ် အလေး
ထားရန်လိုအပ်ကြောင်း သဘောထားမှတ်ချက်နှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် သဝဏ်လွှာပေးပို့ ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် အဆိုပါဥပဒေကြမ်းသည် ပုဒ်မ(၁၁)၊ ပုဒ်မခွဲ(က)တွင် မူလပြဋ္ဌာန်းချက်ဖြစ်သည့် "နိုင်ငံတော်၏ အရ အသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ထူးခြားသောအခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း"အစား "နိုင်ငံတော်၏ အရအသုံး စာရင်းများစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ တစ်နှစ်လျှင်အနည်းဆုံး တစ်ကြိမ်တင်ပြခြင်း၊ ထူးခြားသော အခြေအနေကို အခါအားလျော်စွာတင်ပြခြင်း"ဖြင့် ပြင်ဆင်ပြဋ္ဌာန်းရန်ကိစ္စမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မတင်ပြလာပါက တောင်းခေါ်ဆောင်ရွက်နိုင်သော ကိစ္စဖြစ်သည့်အတွက် ပြင်ဆင်ရန်မလိုအပ်ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် ပုဒ်မ(၁၁)၊ ပုဒ်မခွဲ(ဏ)အဖြစ် "ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့ အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကိုစစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ် လာလျှင် စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း"ပာု ဖြည့်စွက်ပြဋ္ဌာန်းရန်ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၂ ပုဒ်မခွဲ(ဃ)ပါ "ပြည်ထောင်စု စာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်"ပာူသောပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေသည်ကိုတွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။
ပုဂ္ဂလိကထံမှရရန်ကြွေးများနှင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၏ မှားယွင်းမှု၊ အလွဲသုံးစားမှုကြောင့် နိုင်ငံတော်ထံသို့ ပြန်လည်ပေးသွင်းရမည့် ငွေကျပ် သန်းပေါင်း  လေးသောင်းကျော်ရှိကြောင်း ပြည်ဆောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်နှင့်စပ်လျင်း၍ နိုင်ငံတော်သမ္မတထံသို့ အရေးကြီး အဆို တင်သွင်းခဲ့ကြောင်းကို သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အမှတ်(၅/၂၀၁၂)ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

transparencymyanmar

No comments:

Post a Comment