Saturday, November 24, 2012

ထိုင်းနိုင်ငံ အစိုးရမှ တရားမ၀င်အလုပ်သမား စုစုပေါင်း ၁၈၄၀၀၀ ခန့်ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ရန် စီစဉ်နေ

ထိုင်းနိုင်ငံ အစိုးရမှ တရားမ၀င်အလုပ်သမား စုစုပေါင်း ၁၈၄၀၀၀ ခန့်ကို ဒီဇင်ဘာ ၁၄ ရက်  နောက်ဆုံးထားပြီး သက်ဆိုင်ရာနိုင်ငံများသို့  ပြန်ပို့ရန်  
စီစဉ်နေသည်။အလုပ်သမား ၀န်ကြီးဌာနမှ ဗိုလ်ချုပ် Pravit Khiengpol ကပြောကြားရာတွင် တရားမ၀င်အလုပ်သမား ၁၈၄၀၀၀ ရှိကြောင်း၊ မြန်မာ မှ ၄၅၀၀၀၊ ကမ္ဘောဒီးယားမှ ၄၀၀၀၀ နှင့် လာအိုမှ ၀င်ရောက်နေထိုင်သူ ၉၉၀၀၀ ရှိကြောင်းပြောကြားသည်။ လာအိုအစိုးရ အလုပ်သမား ၀န်ကြီးဌာနမှ တရားမ၀င်နိုင်ငံသားများအရေး အကူအညီပေးရန် ပြောကြားခဲ့သည်။


Mr.Pravit မှ ဒီဇင်ဘာ ၁၄ ရက်နောက်ဆုံးထားပြီး တရားမ၀င်အလုပ်သမားများသည် နယ်စပ်စစ်ဆေးရေးဂိတ်များမှ ချက်ချင်းထွက်ခွာရန် ပြောကြားသည်။


ထိုသို့ မိမိတို့ နိုင်ငံသို့ မပြန်ပါက ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်

ကြောင်း ပြောကြားထားသည်။


အစိုးရမှ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများလျှော့ချရေးကို လုပ်ထုံး

လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာ၊ ကမ္ဘော

ဒီးယား၊ လာအိုတို့မှ ရောက်ရှိလာသော တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား

များကို တရားဝင်မှတ်ပုံတင်ပြီး အလုပ်လုပ်ကြရန် သတိပေးထားသည်။
 
popular News

No comments:

Post a Comment