Tuesday, November 27, 2012

“Mobile Internet သုံးခ ကောက်ခံသည့်ပုံစံ ပြောင်းလဲမည်ဟု MPT သတင်းထုတ်ပြန်”



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာ နက်သုံးစွဲခအား ယခင်က သုံးစွဲချိန်အပေါ်မူတည်၍ တွက်ချက်သော Time Based Charging စနစ်ဖြင့် ကောက်ခံခဲ့ရာမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မိမိအသုံးပြုသော ပမာဏအလိုက် ပေးချေရမည့် Volume Based Charging ဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။



...Volume Based Charging စနစ်ဖြင့် ကောက်ခံမည့် နှုန်းထားများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

* Plan A သည် Unlimited Data Plan ဖြစ်ပြီး၊ Data 100 Kbyte အသုံးပြု တိုင်း(၂)ကျပ် ကောက်ခံပါမည်။ ကြိုက်သလောက်သုံး၊ ကျသလောက်ပေး ဖြစ်ပါသည်။

* Plan B သည် Monthly Usage Plan ဖြစ်ပြီး ၊ လစဉ် 1500 Kyats ကုန်ကျခံပါက 200 Mbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 200 Mbyte ထက်ပိုသော Data Usage ကို 100 Kbyte လျှင် (၂)ကျပ် နှုန်း ထပ်မံကောက်ခံပါသည်။

* Plan C သည် Monthly Usage Data Plan ဖြစ်ပြီး ၊ လစဉ် 7000 Kyats ကုန်ကျခံပါက 1 Gbytes ပမာဏရှိသည့် Data ကို အသုံးပြုခွင့်ရပါမည်။ 1 Gbyte ထက်ပိုသော Data Usage ကို 100 Kbyte လျှင် (၂) ကျပ် နှုန်း ထပ်မံကောက်ခံပါမည်။

အဆိုပါ Plan များအနက် Plan B နှင့် Plan C (Monthly Usage Data Plan) အသုံးပြုလိုသော မိုဘိုင်းအင်တာနက်သုံးစွဲသူများသည် ရွေးချယ်လိုသည့် Plan ကို ပန်းဆိုးတန်းမိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံ မိုဘိုင်းဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်/တိုင်း မန်နေဂျာရုံးများမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး၊ ဆက်သွယ် ဆန္ဒပြုခြင်းမရှိသော မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A (Unlimited Data Plan) ဖြင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်ကို အောက်ဖော်ပြပါ link မှတစ်ဆင့် ဖတ်ရှုနိုင်ပါသည်။
http://goo.gl/7Qyj5
From :Planet Myanmar Network

No comments:

Post a Comment