Monday, November 26, 2012

ရိုဟင်ဂျာက RFAကို အိပ်ထဲထည့်ပြီ လား...

Photo: ရိုဟင်ဂျာက RFAကို အိပ်ထဲထည့်ပြီ လား...
***************************

RFA အသံလွှင့်ဌာနက ရိုဟင်ဂျာအရေးကို အခုထက်ပို အလေးထားလုပ်သွားမယ့်အကြောင်း အမေရိကန်အစိုးရ အသံလွှင့်ဘုတ်အဖွဲ့ BBG (Board of Broadcasting Governor) အစည်းအဝေးမှာ RFA အကြီးအကဲက ပြောကြားသွားတာ YouTube မှာ ကြည့်လိုက်ရပါတယ်။

http://www.youtube.com/watch?v=0-lyEQ_1pWA&feature=player_embedded

အထက်က YouTube ဗွီဒီယိုဟာ အောက်တိုဘာလထဲ ကျင်းပခဲ့တဲ့ BBG အစည်းအဝေးမှာ RFA အကြီးအကဲ Dan Southerland က ရှင်းပြနေတာကို တွေ့ရတယ်။

အခုတလော ဖဘ စာမျက်နှာတွေမှာ RFAနဲ့ ပတ်သက်ပြီး သတင်းတွေ တကြော့ပြန်တက်လာပါတယ်။ RFAဌာနတွင်း ဦးခင်မောင်စိုး မခင်ခင်အိ မသင်းသီရိတို့ရဲ့ သုံးပွင့်ဆိုင် လိင်အရှုပ်တော်ပုံ (ခုထိ ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့) သတင်းတွေ ထွက်ပြီးနောက် အခုတခါ ဘင်္ဂါလီရိုဟင်ဂျာကိစ္စကို RFAက အလေးထား ဖေါ်ပြသွားမယ်ဆိုတဲ့သတင်း ထွက်လာပြန် ပါတယ်။ မိုးမခ သတင်းဝက်ဘ်ဆိုက်မှာလည်း ဒီအကြောင်း ရေးထားတာ တွေ့ပါတယ်။ ရိုဟင်ဂျာဆန့်ကျင်ရေး သတင်းစာမျက်နှာတွေကလည်း ဒီအကြောင်း ရေးကြဝေဖန်ကြပါတယ်။ 

YouTube မှာကြည့်ရတဲ့ ဗွီဒီယိုအရ အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ RFA အသံလွှင့်ဌာနဟာ ပြီးခဲ့တဲ့ရခိုင်အရေးအခင်းမှာ ကမ္ဘာပေါ်မှာလူသိနည်းတဲ့ ရိုဟင်ဂျာတွေ အကြောင်းကို RFA အနေနဲ့ အထူးအလေးထား လုပ်ဆောင်ပေးခဲ့ကြောင်း၊ အခြားသတင်းဌာနတွေက လျှစ်လျူရှုထားပေမယ့် RFAကတော့ ကြိုးစားတင်ဆက်ခဲ့ကြောင်း ပြောထား ပါတယ်။ နောင်မှာလည်း RFAက ဆက်လုပ်သွားမယ့်သဘော ပြောသွားပါတယ်။ မိုးမခနဲ့ ဖဘ သတင်းတွေအရ RFA ဟာ voice for voiceless ပြောရေးဆိုခွင့် မရှိသူတွေအတွက် ကိုယ်စားပြုတဲ့ အသံလွင့်ဌာနလို့ဆိုထားတဲ့အတွက် နေစရာမြေရှာနေတဲ့ ရိုဟင်ဂျာတွေအတွက် ဆက်လက် လုပ်ဆောင်ပေးသွားမယ့်သဘော ရှိနေပါတယ်။ ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာကို ကမ္ဘာကသိအောင် RFA ကသီးသန့်ဝက်ဆိုဒ် တစ်ခုဖွင့်ပြီး အင်္ဂလိပ်လိုပါ ဖြန့်ချိပေးနေတာကို အစည်းအဝေးမှာ တင်ပြသွားပါတယ်။ ( RFA က တင်ထားတဲ့ ရိုဟင်ဂျာ အင်္ဂလိပ် ၀က်ဘ်ဆိုက် )

http://www.rfa.org/english/news/special/rohingyas/home.html

ရိုဟင်ဂျာတွေကိုယ်တိုင်လွှင့်မယ့် သီးသန့် အစီအစဉ်သစ်ကို RFA ရေဒီယို ရုပ်မြင်သံကြားတွေက ထုတ်လွှင့်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းလဲ ထွက်နေပါတယ်။ ဒီလိုလွှင့်ဖို့ ဆိုရင် အမေရိကန်အစိုးရ အမေရိကန်ကွန်ဂရက်က သဘောတူဖို့ လိုတယ်ဆိုတာ ပြောနေကြတယ်။ RFA ဟာအမေရိကန် ပြည်သူ့အခွန်တွေနဲ့ လည်ပတ်နေတဲ့ အစိုးရ အထောက်အပံ့ခံလို့ သိရတယ်။ အမေရိကားမှာ အခွန်ထမ်းပြည်သူတွေက ကန့်ကွက်ရင် အစိုးရက သူတို့လုပ်မယ့်အစီစဉ်တွေကို ပြန်စဉ်းစားရတာကြားဖူးတယ်။ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မှာလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးသွားတဲ့အတွက် RFA မြန်မာပိုင်းကသာ ဘင်္ဂလီအရေးကို အလေးပေးလုပ်မယ်ဆိုရင် အမေရိကန် လွှတ်တော်ကလဲ RFAကို ငွေပိုချပေးမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိပုံပဲလို့ ပြောဆိုသံတွေကြားနေရတယ်။ အခုဆိုရင် RFAကလွှင့်နေတဲ့သတင်းတွေဟာ ပြည်တွင်း ဂျာနယ်တွေနဲ့ဘာမှထူးခြားမှု မရှိတော့ ရိုဟင်ဂျာအရေးကို အခြားသတင်းဌာနတွေထက် ထူးခြားပြီးကိုင်တွယ်ရင် အမေရိကန်အစိုးရ အထောက်အပံ့ခံတွေထဲမှာ ရှေ့ပြေးနေတဲ့ ဌာနပဲဆိုပြီး မျက်နှာလုပ်လို့ကောင်းတဲ့သဘော ရှိတယ်။

လက်ရှိနိုင်ငံရေးစီးကြောင်းအရ ပြည်ပသတင်းဌာနတွေဟာ grant တွေ proposal တွေနဲ့ လုပ်စားဖို့ ခက်လာတဲ့အတွက် ပြည်တွင်းထဲဝင်ပြီးလုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ အယူအဆ၀င်နေတာ လွန်ခဲ့တဲ့နှစ်ပိုင်း ထွက်လာတဲ့သတင်းတွေမှာ တွေ့နိုင်တယ်။ ဒါ့ကြောင့် နိုင်ငံခြားအစိုးရတွေ အလှူရှင်တွေသဘောတွေ့နိုင်မယ့် အရေးအခင်းတွေကို စောင့်ကြည့်ပြီး သူဌေးအကြိုက်လိုက်လုပ်နိုင်မှ စားပေါက်ချောင်မယ့်သဘောလဲရှိတယ်။

RFA/ VOAအကြီးအကဲတွေ သူတို့ဌာနက မြန်မာကိစ္စဘယ်လိုသတင်းတွေ လုပ်နေတယ်ဆိုတာကို BBG (Board of Broadcasting Governor) အစည်းအဝေးမှာ ပြောကြတဲ့ မူရင်း ဗီဒီယိုမှတ်တမ်းကို သည်နေရာမှာ ကြည့်နိုင်တယ်လို့ မိုးမခသတင်းဌာနက ဖေါ်ပြထားတာ ဒီမှာကြည့်နိုင်ပါတယ်။

http://www.bbg.gov/event/bbg-board-meeting-october-11-12-2012/

The video of the meeting can now be viewed at:Windows Media Broadband On Demand Link ဆိုတာကို သွားနှိပ်လိုက်ရင် ၁း၂၀ နာရီ လောက်မှာ Dan Southerland ကရှင်းပြနေတာ တွေ့နိုင်ပါတယ်။

RFAအကြောင်း မိုးမခ၀က်ဘ်ဆိုက်ကို ကြည့်ချင်ရင် ဒီမှာနှိပ်ပါ။ http://moemaka.com/?p=29384

လက်လှမ်းမှီသလောက် တင်ပြပေးလိုက်ပါတယ်။
ကိုထွန်းဝေ
26.11.2012

အေးချမ်းမွန်မှ  Tun Wai တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Tun Wai

RFA အသံလွှင့်ဌာနက ရိုဟင်ဂျာအရေးကို အခုထက်ပို အလေးထား လုပ်သွားမယ့်အကြောင်း အမေရိကန်အစိုးရ အသံလွှင့်ဘုတ်အဖွဲ့ BBG (Board of Broadcasting Governor) အစည်းအဝေးမှာ RFA အကြီး အကဲက ပြောကြားသွားတာ YouTube မှာ ကြည့်လိုက်ရပါတယ်။

No comments:

Post a Comment