Monday, November 12, 2012

USA တွင်ကျင်းပသည့် Miss. Diaspora ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး တစ်ဦး People's Choice Award ရရှိ

 
အမေရိကန်နိုင်ငံ နယူးယောက်မြို.တွင် နိုဝင်ဘာ၁၀ရက်နေ.က       ကျင်းပ
ခဲ့သည့် Miss Diaspora Models International 2012-2013 Beauty Competition ပြိုင်ပွဲတွင် မြန်မာနိုင်ငံသူ Ninda Taylor ခေါ် မယမုံမိုးက International People's Choice Award ဆုရရှိခဲ့ကြောင်း သိရပါသည်။

"ကျွန်မ International People's Choice Award ဆုကိုမနေ.ညကရ
ခဲ့ပါတယ်၊ဒါက အံအားသင့်စရာအတွေ.အကြုံပါ၊ အားလုံးကိုကျေးဇူးတင်
ပါတယ်"ဟု Ninda Taylor က ယနေ.နံနက်ပိုင်း တွင် ၄င်း၏ Facebook စာမျက်နှာတွင်ရေးသားထားသည်။

Miss Diaspora Models ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်ကစတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် နိုင်ငံ ၂၇နိုင်ငံ မှပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Venus News

No comments:

Post a Comment