Friday, December 28, 2012

ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့ သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေး

ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့ သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေး
 
ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ Naftogaz ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေးငွေအဖြစ် လက်ခံ ရရှိခဲ့ကြောင်း ယူကရိန်း နိုင်ငံပိုင် သတင်းဌာနမှ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

Naftogaz ကုမ္ပဏီနှင့် တရုတ်ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်တို့သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နေ့တွင် အဆိုပါချေးငွေ ကိစ္စနှင့်စပ်လျဉ်း၍ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါသည်။ 

Naftogaz ကုမ္ပဏီသို့ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုများ အနေဖြင့် ၂ဝ၁၂ ခုနှစ် ပထမ ၃ လတာ ကာလ အတွင်း ၁,ဝဝဝ ကုဗမီတာလျှင် အမေရိကန် ဒေါ်လာ ၄၁၆ ဒေါ်လာ၊ ဒုတိယ ၃ လတာ ကာလအတွင်း ၄၂၅ ဒေါ်လာ၊ တတိယ ၃ လတာ ကာလအတွင်း ၄၂၆ ဒေါ်လာနှင့် စတုတ္ထ ၃ လတာ ကာလအတွင်း ၄၃၂ ဒေါ်လာ အထိ တိုးမြင့် ခဲ့ကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/2999-2012-12-28-09-35-58
ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ Naftogaz ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေးငွေအဖြစ် လက်ခံ ရရှိခဲ့ကြောင်း ယူကရိန်း နိုင်ငံပိုင် သတင်းဌာနမှ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါ သည်။

Naftogaz ကုမ္ပဏီနှင့် တရုတ်ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်တို့သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နေ့ တွင် အဆိုပါချေးငွေ ကိစ္စနှင့်စပ်လျဉ်း၍ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါသည်။

Naftogaz ကုမ္ပဏီသို့ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုများ အနေဖြင့် ၂ဝ၁၂ ခုနှစ် ပထမ ၃ လတာကာလအတွင်း ၁,ဝဝဝ ကုဗမီတာလျှင် အမေရိကန် ဒေါ်လာ ၄၁၆ ဒေါ်လာ၊ ဒုတိယ ၃ လတာ ကာလအတွင်း ၄၂၅ ဒေါ်လာ၊ တတိယ ၃ လတာ ကာလအတွင်း ၄၂၆ ဒေါ်လာနှင့် စတုတ္ထ ၃ လတာ ကာလအတွင်း ၄၃၂ ဒေါ်လာ အထိ တိုးမြင့် ခဲ့ကြောင်း သိရှိ ရပါသည်။

No comments:

Post a Comment