Friday, December 28, 2012

ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ


Photo: ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ 
Friday, December 28, 2012

ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ ဆိပ်ကမ်းမြို့နယ် လှိုင်မြစ်ရေပြင်၌ တပ်မတော် ဗိုလ်ကြီး တစ်ဦး၏ အလောင်းအား ယခုလ ၂၀ရက် က တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သေဆုံးသူ အသက် ၂၈ နှစ်အရွယ် ဗိုလ်ကြီးတစ်ဦး သည်ယခုလ၁၄ရက်က ၄င်းတည်းခိုသည့်ရွှေပြည်သာ မြို့နယ်ရှိ တည်းခိုခန်းမှ ဆိုင်ကယ်ကယ်ရီ အား ရွှေပြည်သာ တံတားသို့ ငှားရမ်းခဲ့ပြီး တံတားသို့အရောက်တွင် ကယ်ရီသမားအား ကွမ်းယာဝယ်ခိုင်းကာ ၄င်းသည် ရွှေပြည်သာတံတားပေါ် မှ ခုန်ချခဲ့ခြင်းဖြစ်သည်။

ခုန်ချပြီး ခြောက်ရက်အကြာတွင် ဆိပ်ကမ်းမြို့နယ် ကုန်စိမ်းတန်းရှေ့ လှိုင်မြစ်တွင်း၌အလောင်း အားရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် ပဲခူးတိုင်း သံတောင်ကြီးတွင် ခြေလျင် တပ်ခွဲမှူး သင်တန်း တက်ရောက်ရန် ကျိုင်းတုံမြို့နယ်မှ ရန်ကုန်မြို့သို့ ယခုလ ၁၃ရက် တွင် ရောက်ရှိခဲ့သည်။ သေ ဆုံးသူ ဗိုလ်ကြီးသည် အမှတ်(၁၁)လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်သူတစ်ဦး ဖြစ်သည်။

သေဆုံးသူ ဗိုလ်ကြီးအား ဆိပ်ကမ်းရဲစခန်းမှ သေမှု သေခင်းဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အေးမြတ်သူ
7Day News

ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ ဆိပ်ကမ်းမြို့နယ် လှိုင်မြစ်ရေပြင်၌ တပ်မတော် ဗိုလ်ကြီးတစ်ဦး၏ အလောင်းအား ယခုလ ၂၀ရက် က တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သေဆုံးသူ အသက် ၂၈ နှစ်အရွယ် ဗိုလ်ကြီးတစ်ဦး သည်ယခုလ၁၄ရက်က ၄င်းတည်းခိုသည့်ရွှေပြည်သာ မြို့နယ်ရှိ တည်းခိုခန်းမှ ဆိုင်ကယ်ကယ်ရီ အား ရွှေပြည်သာ တံတားသို့ ငှားရမ်းခဲ့ပြီး တံတားသို့ အရောက် တွင် ကယ်ရီသမားအား ကွမ်းယာဝယ်ခိုင်းကာ ၄င်းသည် ရွှေပြည်သာတံတားပေါ် မှ ခုန်ချ ခဲ့ခြင်းဖြစ်သည်။

ခုန်ချပြီး ခြောက်ရက်အကြာတွင် ဆိပ်ကမ်းမြို့နယ် ကုန်စိမ်းတန်းရှေ့ လှိုင်မြစ်တွင်း၌အလောင်း အားရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် ပဲခူးတိုင်း သံတောင်ကြီးတွင် ခြေလျင် တပ်ခွဲမှူး သင်တန်း တက်ရောက်ရန် ကျိုင်းတုံမြို့ နယ်မှ ရန်ကုန်မြို့သို့ ယခုလ ၁၃ရက် တွင် ရောက်ရှိခဲ့သည်။ သေ ဆုံးသူ ဗိုလ်ကြီးသည် အမှတ်(၁၁) လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်သူတစ်ဦး ဖြစ်သည်။

သေဆုံးသူ ဗိုလ်ကြီးအား ဆိပ်ကမ်းရဲစခန်းမှ သေမှု သေခင်းဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

7Day News

No comments:

Post a Comment