Thursday, December 27, 2012

ဒုက္ခသည် စခန်းများ လုံခြုံရေးအတွက် ပြင်ဆင်ထားရန် လိုင်ဇာတွင် တပ်လှန့်

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လိုင်ဇာ ဗဟိုဌာနချုပ် အနီးရှိ စစ်ပြေး ဒုက္ခသည် စခန်း ၅ ခုမှ ဒေသခံများကို မိမိလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ယခုရက်ပိုင်အတွင်း အသိပေးထားကြောင်း သိရသည်။
ဒုက္ခသည်များကို စခန်းအပြင် မထွက်ရန်နှင့် ကတုတ်ကျင်းများ တူးထားရန် အသိပေးထားကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ဧရာဝတီသို့ ပြောသည်။ လတ်တလောတွင် လိုင်ဇာဌာနချုပ် အနီးအနားတွင် အစိုးရတပ်များ တိုးချဲ့လာနေကြောင်း သိရသည်။
from -ဧရာဝတီ

No comments:

Post a Comment