Wednesday, December 12, 2012

"ရွှေဂုံတိုင်ဂုံးကျော်တံတားတည်ဆောက်ရေးပန္နက်တော်တင်မင်္ဂလာအခမ်းအနား


Photo
ရွှေဂုံတိုင် ဂုံးကျော်တံတားအတွက် ပန္နက်တင်ခြင်း အခမ်းအနားအား ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီ ၄၆ မိနစ်တွင် ဂုံးကျော် တံတား တည်ဆောက်မည့် နေရာဖြစ်သော ရွှေဂုံတိုင်လမ်းဆုံ၊ Excel Tower အရှေ့တွင် ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက် ပန္နက်ရိုက်ပေးခဲ့ကြသည်။ အဆိုပါ ဂုံးကျော် တံတားအား Capital Development Limited မှ တာဝန် ယူတည်ဆောက်မည်ဖြစ်ပြီး ယနေ့မှစ၍ နောက် ၁၁ လ အတွင်း ပြီး စီးအောင် ဆောင်ရွက်သွားမည်ဟု အဆိုပါ တံတားစီမံကိန်း ဒါရိုက်တာ ဦးအေးသော်က ပြော ကြား ခဲ့ ပါသည်။
 

No comments:

Post a Comment