Santa Rosa De Temuco - နံနက်ခင်းတစ်ခုမှာ အိမ်တစ်အိမ်မှာ မီးလောင်နေပါတယ်
။ မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်နေ စဉ် မှာ အံ့သြဖွယ်ရာမယုံနိုင်ဖွယ်ရာအဖြစ်တွေကိုတွေ့ခဲ့ရတယ် ။ ကား ဗုံးပေါက် ကွဲမှုကြောင့်စဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုအတွင်းကို မိခင်ခွေး မကြီးက သူ့ကလေးတွေကိုကယ်ဖို့အတွက် အသက်စွန့်ပြီးပြေးဝင် သွားခဲ့တယ် ။အေမန်ဒါလို့ခေါ်တဲ့ဒီခွေးမကြီးဟာ တဟုန်ထိုး မီးလောင် အိမ်ထဲပြေးဝင်သွားပြီး မီးတောက်တွေကြားထဲမှာ သားငယ် ကိုရှာဖွေပါတယ် ။
ပူလောင်ပြင်းပြတဲ့ မီးတောက်တွေ ရဲ့ လောင်ကျွမ်း မှုက သူ့ကိုမမှုစေခဲ့ဘူး သူ့ရဲ့
သားသမီးဇောကို မတားဆီးစေနိုင်ခဲ့ဘူး ။ ပြီးတော့ ဆယ်ရက် သားအရွယ် ရှိသေးတဲ့
သားငယ်ကိုတွေ့တဲ့အခါ အလျှင်အမြန်ကိုက်ချီပြီး မီးတောက်တွေထဲက တဟုန် ထိုးပြန် ထွက်လာ ခဲ့ပါတယ် ။ ဟော နောက်ထပ် သူ့သားသမီးလေးတွေကျန်နေသေးတယ် သူရပ်လို့ မဖြစ်သေးဘူး ။
အေမန်ဒါ နောက်ထပ်တစ်ခေါက်ထပ်ဝင်သွားပြန်တယ် ဒီလိုနဲ့ သူ့ကလေးတွေ မကုန်မချင်း အထဲကိုဝင်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ မိခင်ခွေးမရဲ့ သတ္တိတွေ မျက်ရည်ကျရလောက်အောင် ထက်မြစူးရှနေခဲ့တယ်။
မီးသတ်သမားတွေ သူတို့မျက်စိသူတို့မယုံနိုင်ဖြစ်ခဲ့ရတယ် ။ အများစုက ဒီလောက် ရဲရင့်သတ္တိကောင်း တဲ့ခွေးကိုမမြင်ဖူးလို့ပဲဖြစ်တယ် ။
ခွေးကလေးတွေအကုန်လုံးကို အန္တရာယ်ကင်းတဲ့နေရာသယ်ဆောင်ပြီးတဲ့အခါ အေမန်ဒါဟာသူတို့ဘေးမှာ လှဲချလိုက်ပြီး ( လူတွေမှာဆို အရေးပေါ်အသက်ကယ်နည်း လို့ပြောလို့ရတဲ့ ) ခွေးကလေးတွေ့ကိုလျှာနဲ့ ရက်ပေးခြင်း ချော့မြူခြင်းတွေကိုပြုလုပ်နေခဲ့တယ် ။ မျက်မြင်တွေ့သူတွေဟာ အရေးပေါ် တိရိစ္ဆာန် ကုသရေးတွေကိုအမြန်ခေါ်ပြီး ခွေးမကြီးနဲ့ခွေးသားပေါက်ကလေးတွေကို ဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ကြတယ်။ ခွေးပေါက်လေး တစ်ကောင်ပြင်းပြင်းထန်ထန်မီးလောင်ဒါဏ်ရာရခဲ့တာကလွဲလို့ခွေးတွေအကုန်လုံးအသက်ရှင်ခဲ့ကြပါတယ်။
ကျေးဇူးပါတယ်တယ် ရဲရင့်တဲ့မိခင်အေမန်ဒါရေ !!!!!!!
------------------------------------------------------
ကမ္ဘာပေါ်မှာ သားသမီး အသက်အန္တရာယ်ကို မိမိအသက်ပေးပြီး ကယ်ဝံ့တာ မိဘတွေပဲဖြစ်တယ် ကမ္ဘာပေါ်မှာ သားသမီး ဒုက္ခရောက်နေချိန်မှာ အမြဲအားပေးအဖော်ရှိနေပေးတတ်တာ မိဘတွေ ပဲဖြစ်တယ် ကမ္ဘာပေါ်မှာ သားသမီး အတွက် အရာအားလုံကို စွန့်လွှတ်စွန့်စားဝံ့သူဟာ မိဘတွေပဲဖြစ်တယ်
အချိန်ရခိုက်လေး မိဘကျေးဇူးကိုမမေ့ကြပါနဲ့ ဘ၀ဆိုတာ တိုတိုလေးပါသေလွန်သွားမှာ နောင်တတွေရ ပန်းစည်းတွေအုတ်ဂူမှာသွားပေးနေကြမယ့်အစား မသေသေးခင် မိဘတွေဆန္ဒကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးကြခြင်းအားဖြင့်မိဘကျေးဇူးဆပ်နိုင်ကြပါစေ ။
သက်တန့်ချို

No comments:
Post a Comment