Friday, December 21, 2012

ကချင်စစ်ဒဏ်ခံများအတွက် အမေရိကန် ဒေါ်လာ ၅ သန်းခွဲခန့်ကူညီ........

အမေရိကန်နိုင်ငံ USAID ရုံး၏ ငြိမ်းချမ်းရေးအတွက်အစားအသောက်
ထောက်ပံ့ကူညီရေးရုံးမှ ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၃ သန်းထောက်ပံ့လိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ထုတ်ပြန် လိုက်သည်။

ထို့အပြင် အမေရိကန်အစိုးရ၏ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာဗျူရိုကလည်း ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခသည်များအတွက် နေထိုင်စရာနှင့် အစားအသောက်မဟုတ်သော ပစ္စည်းများပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသို့ ကန်ဒေါ်လာ ၁.၅ သန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

USAID ရုံး၏ ပြည်ပဘေးအန္တရာယ်ကူညီထောက်ပံ့ရေးရုံးကလည်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့သို့ ကန်ဒေါ်လာ ၅ သိန်းပေးအပ် လှူဒါန်းခဲ့ပြီး၊ အမေရိကန်သံရုံ၏ အသေးစားထောက်ပံ့ကူညီမှုအစီအစဉ်နှင့် ဂျူလီယာတပ်ဖ်ရံပုံငွေအဖွဲ့ကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု များကို နှစ်သိမ့်အားပေးခြင်းနှင့် အခြားစောင့်ရှောက်မှုများအတွက် ကန်ဒေါ်လာ ၅သောင်းထောက်ပံ့ကူညီခဲ့ကြောင်း ယင်းသတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။

Popular Myanmar News Journal
အမေရိကန်နိုင်ငံ USAID ရုံး၏ ငြိမ်းချမ်းရေးအတွက် အစား အသောက် ထောက်ပံ့ကူညီရေးရုံးမှ ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခ သည်များအတွက် ကန်ဒေါ်လာ ၃ သန်းထောက်ပံ့လိုက်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ချက် တစ်ရပ် ကို ယနေ့ ထုတ်ပြန် လိုက်သည်။

ထို့အပြင် အမေရိကန်အစိုးရ၏ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာဗျူရိုကလည်း ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခသည်များအတွက် နေထိုင်စရာနှင့် အစားအသောက်မဟုတ်သော ပစ္စည်းများပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသို့ ကန်ဒေါ်လာ ၁.၅ သန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

USAID ရုံး၏ ပြည်ပဘေးအန္တရာယ်ကူညီထောက်ပံ့ရေးရုံးကလည်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့သို့ ကန်ဒေါ်လာ ၅ သိန်းပေးအပ် လှူဒါန်းခဲ့ပြီး၊ အမေရိကန်သံရုံ၏ အသေးစားထောက်ပံ့ကူညီမှုအစီအစဉ်နှင့် ဂျူလီယာတပ်ဖ်ရံပုံငွေအဖွဲ့ကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု များကို နှစ်သိမ့်အားပေးခြင်းနှင့် အခြားစောင့်ရှောက်မှုများအတွက် ကန်ဒေါ်လာ ၅သောင်းထောက်ပံ့ကူညီခဲ့ကြောင်း ယင်းသတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။

Popular Myanmar News Journal

No comments:

Post a Comment