Thursday, December 13, 2012

မန္တလေးတိုင်းဒေသကြီး အိမ်မြေတန်ဖိုးသတ်မှတ်ရေးအဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်ရာတွင် အကျင့်ပျက် ခြစားမှုများကို ပြန်လည် ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ပါရန် တင်ပြခြင်း (တိုင်ကြားစာ)


မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ အိမ်၊မြေအစရှိတဲ့ မရွှေ့မပြောင်းနိုင်တဲ့ အခြေပစ္စည်းများကို ၀ယ်ယူသူတည်ဆောက်သူ အခွန်ထမ်းပြည်သူများ အား နိုင်ငံတော် အစိုးရမှ အခွန်သက်သာခွင့်အနေနဲ့ ၀ယ်ယူတည်ဆောက်တဲ့ တန်ဖိုးပေါ်မှာ တံဆိပ်ခေါင်းနှင့်အမြတ်ခွန် (၁၅%) မေးဆောင်စေ ဖို့ လျော့ပေါ့သတ်မှတ်ပြီး ကျသင့် အခွန် ကို ပေးဆောင်စေ  ခဲ့ ပါ တယ်။
၎င်းစီမံချက်ဟာ ပြီးခဲ့တဲ့ (၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့) မှာ နောက်ဆုံးထား၍ ခွင့်ပြုခဲ့ပါတယ်။ ယ္ခုအခါမှာတော့ ၀ယ်ယူ၊ တည်ဆောက် လို့ ကုန်ကျငွေအပေါ်မှာ အမြတ်ခွန်သီးသန့် (၃၀%) ကောက်ခံမယ်လို့ သိရပါတယ်။ အဲဒီစီမံချက်မှာ အဓိက ပုဂ္ဂိုလ်ကတော့ တိုင်းတန်ဖိုးသတ်မှတ်ရေးအဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ တိုင်းဒေသကြီးအခွန်ဦးစီးမှူးနှင့်၎င်း၏တပည့်များဖြစ်တဲ့ ဦးအောင်လင်း(ဦးစီးအရာရှိ)နှင့် ဦးကျော်ဌေး (အကြီးတန်းစာရေး) တို့ ဖြစ်ပါတယ်။ မန္တလေးမြို့ပေါ်ရှိ အိမ်မြေ၀ယ်ယူ တည်ဆောက်သူများဟာ ဖေါ်ပြပါ ပုဂ္ဂိုလ်ထဲမှာ အထောက်အထားတင်ပြပြီး တန်ဖိုးသတ်မှတ်ပြရပြီး အခွန်ထမ်းဆောင်ကြရပါတယ်။ ဒီနေ ရာမှာ အဖွဲ့ဥက္ကဌရဲ့ လုပ်ငန်းဆောင်ရွက်မှုကို အများသိစေရန် အနည်းငယ်တင်ပြလိုပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်များဟာ တိုင်းဒေသကြီး အခွန်ဦးစီးမှူးမှ တန်ဖိုးသတ်မှတ်ချက်အတိုင်း လိုက်လံ လက်မှတ် ထိုးဆောင်ရွက်နေရပါတယ်။

________တန်ဖိုးသတ်မှတ်တဲ့အခါမှာ စံနှုန်းမထားရှိဘဲ စာချုပ်ရဲ့ ရက်စွဲမှာ မည်သည့်နှစ်က ချုပ်သည်ဖြစ်စေ လက်ရှိနှစ်ရဲ့ပေါက်ဈေးဖြင့်သာသတ်မှတ်သဖြင့် မူလ၀ယ်ယူချိန်က တန်ဖိုးထက် (၂ ဆ ၊ ၃ ဆ) များနေခြင်း လက်ရှိနှစ်တွင် ချုပ်ဆိုတဲ့စာချုပ်ဖြစ်သည့်တိုင် ၄င်းနှင့် ညှိနှိုင်းလုပ်ကိုင်ပါက အမှန် တန်ဖိုးရဲ့ (၅၀%) ၊ (၆၀%) ခန့်ဖြင့်လျော့နည်း သတ်မှတ်ပေးခြင်း လမ်းနေရာခြင်းတူ ရပ်ကွက်နေ ရာခြင်း တူသည့် မြေကွက်ကို ၄င်းတို့နှင့်  ညှိနှိုင်းဆောင် ရွက်သည့် မြေကွက် ကသာဈေးနှုန်း လျှော့ပေါ့၍ တန်ဖိုးဖြတ်ခြင်း ညှိနှိုင်းဆောင်ရွက်ခြင်း မရှိသည့် မြေကွက်များကို တန်ဖိုးမြှင့်ဖြတ်ခြင်း အစရှိတဲ့ အကျင့်ပျက်ခြစားမှုများ မသမာ မှုများကို တွေ့ရှိနေရပါတယ်။

မည်သို့မျှ ပြန်လည်တင်ြပခွင့် မရှိသဖြင့် နိုင်ငံတော်မှ လျော့ပေါ့ပေးသည့် အခွင့်အရေးကို ဆုံးရှံး ခဲ့ရသူများစွာ ရှိခဲ့ကြပါတယ်။ အထူးသဖြင့်(၂၀၁၂) ခုနှစ် (ဇူလိုင်လ နှင့် သြဂုတ်လ) (၁၀)ရက်) (ကုန်ဆုံး ရက်မတိုင်မီ) ရက်များအတွင်းက လုပ်စားခဲ့တာဖြစ်ပါတယ်။ ယ္ခု စီမံချက်ရပ်ဆိုင်းပြီးနောက် ဆက်လက်၍ တန်ဖိုးဖြတ်ခံရမည့် အခွန်ထမ်းပြည်သူများအနေနဲ့ တန်ဖိုးဖြတ်တင်ပြရန်စိုးရွံနေကြရကြောင်း တာဝန်ရှိ လူကြီးများ သိရှိစေရန်နှင့်  အကျင့်ပျက်ခြစားမှုများကို ပြန်လည်စိစစ် ဖော်ထုတ်အရေးယူဖို့ လိုအပ် ပါကြောင်း တင်ပြ လိုက်ရပါတယ်။
  လေးစားစွာဖြင့် (ရှေ့နေများ)

No comments:

Post a Comment