Saturday, December 8, 2012

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၅၅) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၅၅) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Saturday, 08 December 2012

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၆ နာရီတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းကျောင်း အနော်ရထာ တပ်ရင်း ဗိုလ်လောင်း တန်းစီကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရ သက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဇနီး
ဒေါ်ထွေးထွေးညွန့်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်တက္ကသိုလ်
ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိ များ၏ မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်း အရာရှိ များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုး များနှင့် အတူ ညစာ သုံးဆောင်ကြသည်။ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် သဘင်ဆောင်၌ မြဝတီ တေးဂီတ အဖွဲ့နှင့် မြဝတီ အငြိမ့်အဖွဲ့ တို့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၅)သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၆ နာရီတွင် ပြင်ဦးလွင်မြို့ စစ် တက္ကသိုလ်ဗိုလ်လောင်း သင်တန်းကျောင်း အနော်ရထာတပ်ရင်း ဗိုလ်လောင်း တန်းစီ ကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရ သက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဇနီးဒေါ်ထွေးထွေးညွန့်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိ များ၏ မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်း အရာရှိ များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုး များနှင့် အတူ ညစာ သုံးဆောင်ကြသည်။ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် သဘင်ဆောင်၌ မြဝတီ တေးဂီတ အဖွဲ့နှင့် မြဝတီ အငြိမ့်အဖွဲ့ တို့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment