Saturday, December 1, 2012

ဆောင်းပါးရှင် လှတင့်ဆွေ (ပိန်းဇလုပ်) ရေးသားသော “ချဲလည်း မပြုတ် ရဲလည်း ငုတ်တုတ်” ဆောင်းပါးမှ ကောက်နုတ်ချက်

နယ်ထိန်းကို ငါးရက် (တစ်ပတ်) ၃၀၀၀ ကျပ်နဲ့ တစ်လ ၁၂၀၀၀ ကျပ်၊ နယ်မြေခံ ရဲကင်း၊ စခန်းကို တစ်ပတ် ၃၀၀၀ ကျပ်၊ ခရိုင် ဒ/န (ဒုစရိုက် နှိမ်နင်းရေး) အဖွဲ့ကို တစ်လ ၁၀၀၀၀ ကျပ်၊ တိုင်း ဒ/န ကို တစ်လ တစ်သောင်းကျပ်၊ အပတ်စဉ်၊ လစဉ် ပေးရတယ်တဲ့ အစ်ကို။ တစ်ကျပ်ဖိုးမှ မရောင်းရလည်း ပေးရတာပဲ။ မပေးနိုင်ရင် ရဲဖမ်း တော့တာပဲ။

ရပ်ကွက် ထဲမှာတင် ဒိုင်ကြီး (၁၀) ဒိုင်လောက်ရှိတယ်။ တိုက်တွေ၊ ကားတွေ နဲ့ တစ်ခါမှ အဖမ်း ခံရတယ် မကြားဖူး ပါဘူး။ ညီမ သူငယ်ချင်း လက်အောက် ဒိုင်ခွဲ (လက်ခွဲဒိုင်) လေးတွေ ကျတော့ လိုင်းကြေး မပေးနိုင်လို့ မကြာမကြာ အဖမ်းခံရ၊ ထောင်ကျ ရတာနဲ့၊ အခုလည်း ဆင်းရဲ လွန်းလို့၊ စားစရာ မရှိလို့ လုပ်ကြတာ။ သူ့ကလေး တွေကို ထမင်း သွားကျွေး ရဦးမယ်ဟု ငိုရင်း ပြောရင်း ထိုကလေးများ အတွက် ထမင်းချိုင့် ပြင်နေလေ၏။

“ချဲက ရဲကို ထမင်းကျွေး နေတာလေကွာ။ (၁) လုံး၊ (၂) လုံး၊ (၃) လုံးတို့ မရှိရင် ထွက်ပြေးမယ့်၊ ခွင့်မဲ့ပျက်ကွက် ဖြစ်မယ့် ရဲတွေ အများကြီး ဖြစ်လာလိမ့်မယ် သူငယ်ချင်း” တဲ့။

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် Hot News သတင်းဂျာနယ်ပါ ဆောင်းပါးရှင် လှတင့်ဆွေ (ပိန်းဇလုပ်) ရေးသားသော “ချဲလည်း မပြုတ် ရဲလည်း ငုတ်တုတ်” ဆောင်းပါးမှ ကောက်နုတ်ချက်
from -thevoiceweekly

No comments:

Post a Comment