Wednesday, December 12, 2012

ဆန္ဒပြ တောင်းဆိုသူများ ဆူးလေဘုရားရှေ့တွင် လူစုခွဲခဲ့ပြီ


ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားအရှေ့မုဒ် ကြေးသွန်းဘုရားရှေ့မှ သံဃာနှင့် ပြည်သူ စုစုပေါင်း တစ်ထောင်ကျော် က အချက်(၄)ချက်ပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆူးလေဘုရားရှေ့သို့ ဆန္ဒပြတောင်းဆိုခြင်းသည် နေ့လည် ၃နာရီခွဲအချိန်တွင် လူစုခွဲသွားခဲ့သည်ဟု မြစ်မခသတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ အချက်(၄)ချက်မှာ ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခဲ့သူများအား အရေး ယူပေးရေး ၊ လွတ်လပ်ပြီး တရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရေး ၊ ဆန္ဒပြခဲ့ သူများကို ဖမ်းဆီးခြင်းမှ လွှတ်ပေးရေး နှင့် ဒဏ်ရာရ သံဃာများအား ၀န်ချတောင်း ပန်ရေး တို့ ဖြစ်သည်။
မြစ်မခ

No comments:

Post a Comment