Wednesday, December 12, 2012

ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား လေ့လာမှုများ စတင် လုပ်ဆောင်နေ

Photo: ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား လေ့လာမှုများ စတင် လုပ်ဆောင်နေ
Wednesday, December 12, 2012 

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရှုခင်းသာ အပန်းဖြေ ဥယျာဉ်ကို အဆင့် မြှင့်တင်မှုများ ဆောင်ရွက်ဖို့ အတွက် လေ့လာမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို လေ့လာမှု ဆာဗေး လုပ်ငန်းများ ဆောင်ရွက်မှု ကိုတော့ ပန်းခြံ အတွင်းရှိ ကစားနည်း များကို ပုံမှန် အတိုင်း ထားရှိပြီး ဥယျာဉ် အလှအပကို အဓိက ဦးစားပေး ပြုပြင် ဆောင်ရွက်မယ့် အပန်းဖြေ ဥယျာဉ် အဆင့်မြှင့်မှု အတွက် ဖြစ်ပါတယ်။

ဒီလို အဆင့်မြှင့်တင် ဆောင်ရွက်ရာမှာ ပန်းအလှဆင်မှုများ သာမက ရေပန်း အလှဆင်မှုများ၊ မြေယာ ရှုခင်းများကိုပါ ထည့်သွင်းပြီး မိသားစုများ ပိုမို လာရောက် အပန်းဖြေ နိုင်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ လေ့လာမှုတွေ စတင် လုပ်ဆောင် နေပြီး ဖြစ်တဲ့ ဧက ၂၀ အကျယ်အ၀န်းရှိ ရှုခင်းသာ အပန်းဖြေ ဥယျာဉ်ရဲ့ အဆင့်မြှင်တင်မှုတွေ ကိုတော့ ယခု ဘဏ္ဍာရေးနှစ် အတွင်း အပြီး လုပ်ဆောင် သွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရှုခင်းသာအပန်းဖြေ ဥယျာဉ်ကို အဆင့်မှင့်တင်မှုများ ဆောင်ရွက်ဖို့ အတွက် လေ့လာမှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်တယ်လို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို လေ့လာမှု ဆာဗေး လုပ်ငန်းများ ဆောင်ရွက်မှု ကိုတော့ ပန်းခြံ အတွင်းရှိ ကစားနည်း များကို ပုံမှန် အတိုင်း ထားရှိပြီး ဥယျာဉ် အလှအပကို အဓိက ဦးစားပေး ပြုပြင် ဆောင်ရွက်မယ့် အပန်းဖြေ ဥယျာဉ် အဆင့်မြှင့်မှု အတွက် ဖြစ်ပါတယ်။

ဒီလို အဆင့်မြှင့်တင် ဆောင်ရွက်ရာမှာ ပန်းအလှဆင်မှုများ သာမက ရေပန်း အလှဆင်မှုများ၊ မြေယာ ရှုခင်းများကိုပါထည့်သွင်းပြီး မိသားစုများပိုမိုလာရောက် အပန်းဖြေ နိုင်အောင်  ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ လေ့လာမှုတွေ စတင် လုပ်ဆောင် နေပြီး ဖြစ်တဲ့ ဧက ၂၀ အကျယ်အ၀န်းရှိ ရှုခင်းသာ အပန်းဖြေ ဥယျာဉ်ရဲ့ အဆင့်မြှင်တင်မှုတွေ ကိုတော့ ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီး လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

From : MRTV - 4

No comments:

Post a Comment